News
Latest News - 55466 items

Ministry of Information / Posted on April 02, 2023
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

Ministry of Information / Posted on April 02, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့သော ပြည်တွင်းခရီးသွားစစ်တမ်းအရ မြန်မာနိုင်ငံသားများ အများဆုံးသွားရောက်လည်ပတ်ခဲ့ကြသော မြို့ငါးမြို့မှာ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ၊ တောင်ကြီးတို့ဖြစ်ပြီး ပျမ်းမျှရက်ပေါင်း ၁၀ ရက်ခန့် နေထိုင်ကြသည်ဟု ဆိုသည်။ နိုင်ငံတော်အစိုးရရုံးစိုက်ရာဖြစ်ပြီး နိုင်ငံ၏ အချက်အချာနေရာတွင်တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး လွန်စွာကောင်းမွန်သော နေပြည်တော်မြို့တော်မှာ ပြည်တွင်းခရီးသွားတို့၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်သော ထိပ်ဆုံးမြို့များ စာရင်းဝင်လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင် သွားရန် လိုအပ်လျက်ရှိသည်။

Ministry of Information / Posted on April 02, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူယနေ့တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့အနီးရှိ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

Ministry of Information / Posted on April 02, 2023
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ (၂၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဘိုးဝဇီရခန်းမ၌ ကျင်းပသည်။
Ministry of Information / Posted on April 02, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Ministry of Information / Posted on April 02, 2023
လျှပ်စစ်သည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအပါဆုံးအရာ ဖြစ်သည်။ လျှပ်စစ်ဖြင့် လောကသစ်ကိုတည်ဆောက်နိုင်ပြီး လျှပ်စစ်မရှိလျှင် အမှောင်အတိကျ၍ အကျည်းတန်သောဘဝတွင် နေရသလိုဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်တိုးပွားလာသောလူဦးရေနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမှုတို့ကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များလာသည်။ လျှပ်စစ် ကဏ္ဍတွင် အခက်အခဲများရှိ၍ ဝန်နှင့်အားမျှတမှုရှိစေရေးအတွက် ထိန်းညှိမောင်းနှင် ရသည်။ မြို့နယ်များတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခြင်းကို အပိုင်းအလိုက်၊ အချိန်အလိုက် အချိုးကျဆောင်ရွက်နေသည်ကိုတွေ့ရသည်။

Ministry of Information / Posted on April 02, 2023
မြန်မာနိုင်ငံတွင် သင်္ကြန်ကာလအတွင်း စာသုံးသူပြည်သူများ စားသုံးဆီများ ဖူလုံမှုရှိစေရန်အတွက် အင်ဒိုနီးရှားနိုင်ငံမှ စားသုံးဆီများ တင်ဆောင်လာသော ဗီယက်နမ်နိုင်ငံပိုင် M/T TRACY စားသုံးဆီတင်သင်္ဘောကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ မြန်မာနိုင်ဂရုဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလာရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြသည်။

Ministry of Information / Posted on April 01, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအတွင်းသို့ မတ် ၃၀ ရက် ည ၁၀ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏အနောက်တောင်ဘက်မှ ဝင်ရောက်၍ သေနတ်များဖြင့်ပစ်ခတ်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူ ၉ ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းနှင့် နေအိမ် ၇၀ လုံးနှင့် နွားတင်းကုပ် ၃၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Ministry of Information / Posted on April 01, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများ အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on April 01, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ်၊ အားကစားနှင့်ကာယပညာကော်မတီမှ ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်း သရုပ်ပြလေ့ကျင့်မှုများကို စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ သွားရောက်ကြည့်ရှုအားပေးသည်။
Newspaper - 2194 items

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်၊ ဧပြီ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်၊ ဧ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက်၊ မတ် ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
29-3-2023 Information Sheet (English)

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက်၊ မတ် ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်၊ မတ် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ မတ် ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်၊ မတ် ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်၊ မတ် ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ မတ် ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download