Latest News - 72867 items

ဥပဒေအရာရှိများ အကျင့်သိက္ခာနှင့် ပြည့်စုံပြီး အများပြည်သူက ယုံကြည်အားကိုးရသော ဥပဒေအရာရှိကောင်းများဖြစ်စေရေးအတွက် ကျင့်ဝတ်စောင့်ထိန်းလိုက်နာကြရန် အထူးအရေးကြီး

Ministry of Information / Posted on March 03, 2024

ပြည်ထောင်စုဝန်ကြီးနှင့် ပြည် ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

နေ့အပူချိန်မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် မိုးလေဝသဖြစ်စဉ်များသတိပြု

Ministry of Information / Posted on March 03, 2024

နွေကာလသို့ ကူးပြောင်းရောက်ရှိလာသည်နှင့်အမျှ တစ်နေ့ထက် တစ်နေ့မြင့်တက်လာနေသည့် အပူချိန်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များကို သတိပြုကြရန်လိုသည်။ မြန်မာနိုင်ငံအရပ်ရပ်တွင် မတ်လ၊ ဧပြီလနှင့် မေလတို့အတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။ အချိန်တိုအတွင်း ဖြစ်ပေါ်လာနိုင်သော အဆိုပါမိုးလေဝသဖြစ်စဉ်များကြောင့် ကျေးလက်ဒေသများတွင် နေထိုင်သူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ပြည်တွင်းရေကြောင်း၊ လေကြောင်းသွားလာမှုများတွင် ဘေးအန္တရာယ်ကျရောက်နိုင်သည်ကို သတိရှိကြရမည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

Ministry of Cooperatives and Rural Development / Posted on March 03, 2024

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

စစ်မှုထမ်းဆောင်ရန် ကျောက်ဖြူမြို့နယ်ရှိ မွတ်စလင်တစ်ရာကျော်ကို တပ်မတော်က ဖမ်းဆီးထားကြောင်းနှင့် နေပြည်တော်၊ မန္တလေးတိုင်းတို့တွင် ပြည်သူများ စစ်မှုထမ်းကြရန် စည်းရုံးစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း စသည့် သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

Ministry of Information / Posted on March 02, 2024

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားအရွယ် မွတ်စလင် ၁၀၇ ဦးကို ကျောက်ဖြူ အခြေစိုက် ခလရ (၅၄၂) က ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲပိုင်းတွင် ဆန္ဒမပါဘဲ အဓမ္မဖမ်းဆီးသွားသည်ဟု မဟုတ်မမှန် သတင်းမှားများကို လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

တကောင်းမြို့ အမှတ် ၄ ရပ်ကွက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် ရပ်ကွက်အတွင်းရှိ နေအိမ် ၂ဝ ခန့်ကို မီးရှို့ဖျက်ဆီးဟု သတင်းအမှားများ ရေးသားဖြန့်ဝေ

Ministry of Information / Posted on March 02, 2024

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ အမှတ် ၄ ရပ်ကွက်သို့ မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီခန့်က ဝင်ရောက်လာသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် ရပ်ကွက်အတွင်းရှိ နေအိမ် ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုင်းနိုင်ငံမှ ရိုက်ကူးရေးအဖွဲ့များနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ တောင်သူများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

Ministry of Information / Posted on March 02, 2024

ထိုင်းခရီးသွားဧည့်သည်များအနေဖြင့် ပိုမိုသိရှိလာရောက်လည်ပတ်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်ရယူထားသော Sai Swe ကုမ္ပဏီလီမိတက်နှင့် ထိုင်းနိုင်ငံရှိ Best International Travel & Agency တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသား ရိုက်ကူးရေးအဖွဲ့ဝင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မျိုးစေ့ပြပွဲသို့ လာရောက်ကြသော ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ တောင်သူများသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) ရှိ တိုးဂိတ်များ စစ်ဆေးခြင်းနှင့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on March 02, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း)ရှိ ပန်းတင်တိုးဂိတ် လမ်းအသုံးပြုခကောက်ခံနေမှု၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄၂ မိုင် ၁ ဖာလုံနှင့် ၂၄၃ မိုင်ရှိ ဆင်သေချောင်းတံတား အဝင်အထွက် ကွန်ကရစ်လမ်း နှစ်လမ်းသွားမှ လေးလမ်းသွားချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ပေပင်လေးတိုးဂိတ်၊ သီးကုန်းတိုးဂိတ်တို့၌ လမ်းအသုံးပြုခကောက်ခံနေမှု၊ သီးကုန်းယာဉ်ရပ်နားကွင်းအတွင်းရှိ EV Charging Station အသုံးပြု ဆောင်ရွက်နေမှု၊ ကံကောင်းတိုးဂိတ်၊ ပြင်စည် တိုးဂိတ်၊ စကားအင်းတိုးဂိတ်များ၏ လမ်းအသုံး ပြုခကောက်ခံနေမှု၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ EV Charging Station ဆောင်ရွက် ပြီးစီးမှုနှင့် တံခွန်တိုင်တိုးဂိတ် လမ်းအသုံးပြုခကောက်ခံနေမှုများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

Newspaper - 2688 items

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်၊ မတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်၊ မတ် ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်၊ မတ် ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်၊ မတ် ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်၊ ဖေဖော်ဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက်၊ ဖေဖော်ဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ဖေဖော်ဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက်၊ ဖေဖော်ဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်နေ့၊ ဖေဖော်ဝါရီ ၂၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download