Services (Offline) - 526 items Explore more

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင် လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ

Ministry of Labour / October 11, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ရရှိထားသော ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းဆောင်ရွက်လိုသည့်...

Rating

တိရစ္ဆာန်မွေးမြူခွင့်လိုင်စင် လျှောက်ထားခြင်း(Online ဝန်ဆောင်မှု)


Yangon City Development Committee / September 24, 2021

မြို့တော်နယ်နိမိတ်အတွင်း မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်(ခွေး၊ ကြောင်)များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ အိမ်မွေးတိရစ္ဆာန်မှတ်ပုံတင်လျှောက်လွှာပုံစံကို ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့၊ တိရစ္ဆာန်ဆေးကုနှင့်အသားထုတ်လုပ်ရုံများဌာန၏ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(ခရိုင်ရုံး)များ၊မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးများတွင်လည်းကောင်း၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ Website တွင် Download ပြုလုပ်၍လည်းကောင်း ရယူပြီး သတ်မှတ်ပုံစံတွင်လိုအပ်သည်များကိုဖြည့်စွက်၍ သက်ဆိုင်ရာ ခရိုင်နယ်မြေအလိုက် အောက်ဖော်ပြပါနေရာများတွင်သွားရောက်လျှောက်ထားနိုင်ပါသည်-

ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(အရှေ့ပိုင်းခရိုင်) အသားထုတ်လုပ်ရေးဌာနခွဲ(ဝက်)ရွာသာကြီးဝင်း(ညောင်နှစ်ပင်မှတ်တိုင်အနီး)၊ အမှတ်(၂)လမ်းမကြီး၊ ရွာသာကြီးကျေးရွာ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်။
ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(အနောက်ပိုင်းခရိုင်) ဟံသာဝတီလမ်းနှင့်ကမ်းနားလမ်းထောင့် (ဆင်မလိုက်မှတ်တိုင်အနီး၊ သရက်တောမြောက်ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်။
ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(တောင်ပိုင်းခရိုင်) အမှတ်(၃၉၉)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ၁၂ ခွဲထပ်(တိုးချဲ့ရုံး)(၆)လွှာ၊ ဗိုလ်တထောင်မြို့နယ်။
ကုသရေးနှင့်ကာကွယ်ရေးဌာနခွဲ(မြောက်ပိုင်းခရိုင်) အမှတ်(၉)၊ အောက်ကြည့်မြင်တိုင်လမ်း(ဆင်မလိုက်စျေးအနီး)၊ (၅)ရပ်ကွက်၊ ကမာရွတ်မြို့နယ်။

ဒုတိယညွှန်ကြားရေးမှူးချုပ်
ပြည်သူ့ကျန်းမာရေးနှင့်စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့
(တိရစ္ဆာန်ဆေးကုနှင့်အသားထုတ်လုပ်ရုံများဌာန)​​​

 

Website လိပ်စာ

https://www.ycdc.gov.mm/

FAQs