ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဝန်ဆောင်မှုများအား MY CITY App မှတစ်ဆင့် ဆောင်ရွက်နိုင်ခြင်း
ဝန်ဆောင်မှုများ
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဝန်ဆောင်မှုများအား MY CITY App မှတစ်ဆင့် ဆောင်ရွက်နိုင်ခြင်း
MY CITY APP Application အား ဖုန်းထဲသို့ ထည့်ထားရုံဖြင့် ရန်ကုန်မြို့တော်စည်ပင်၏ ဝန်ဆောင်မှုများကို အလွယ်တကူ ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါသည်။ လက်ရှိ MY CITY APP တွင်အသုံးပြုနိုင်မည့် ရန်ကုန်မြို့တော်စည်ပင်၏ ဝန်ဆောင်မှုအမျိုးအစားများမှာ -
(၁) စက်မှုဇုန်အမှိုက်သိမ်း ဝန်ဆောင်မှု
(၂) ဆေးရုံအမှိုက်သိမ်း ဝန်ဆောင်မှု
(၃) ရေပုပ်စုပ်ယာဉ် ဝန်ဆောင်မှု
(၄) ပါမစ်ဝန်ဆောင်ခ (YBPS)
(၅) ရေခွင့်ပြုမိန့် ဝန်ဆောင်ခ (Water Connection) တို့ ဖြစ်ပါသည်။
ဝန်ဆောင်ခ ပေးချေရမည့်ပုံစံနှင့် နည်းလမ်းများကိုလည်း မိဘပြည်သူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ပြုလုပ်ထားရှိပါသည်။
ရယူလိုက်သောဝန်ဆောင်မှုအား Service Fee ပြန်လည်ပေးချေရန်အတွက် MY CITY APP ရှိ CITY PAY WALLET မှတစ်ဆင့် လွယ်ကူစွာ ပေးချေနိုင်မည်ဖြစ်ပါသည်။ ကျသင့်ငွေပေးချေနိုင်ရန်အတွက် CITY PAY WALLET အား ငွေဖြည့်ရန် လိုအပ်ပါသည်။ လက်ရှိတွင် ရန်ကုန်မြို့တော်ဘဏ်ရုံးချုပ်နှင့်ဘဏ်ခွဲများ၊ Sai Sai Pay၊ CB Pay နှင့် OK$ တို့မှတစ်ဆင့် CITY PAY WALLET ထဲသို့ငွေဖြည့်ပြီး ကျသင့်ငွေ ပေးချေခြင်းများအပြင် CITY PAY WALLET အချင်းချင်း ငွေလွှဲခြင်းများကိုပါ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
MY CITY APP ကို အောက်ပါလင့်များမှတစ်ဆင့် Download ရယူနိုင်ပါသည်-
GooglePlaystore Link - https://play.google.com/store/apps/details?id=ycdc.gov.mm
App Store Link - https://apps.apple.com/us/app/id1527520240