မော်တော်ယာဉ် ပြင်ဆင်စရိတ်တောင်းခံခြင်း





မော်တော်ယာဉ် ပြင်ဆင်စရိတ်တောင်းခံခြင်း


Ministry of Planning and Finance / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

မော်တော်ယာဉ် အကြီးစားမွမ်းမံပြင်ဆင်စရိတ်နှင့် ငွေပမာဏ အားဖြင့် များပြားသည့် ပြင်ဆင်ထိန်းသိမ်းစရိတ်များကို ငွေလုံးငွေရင်း အသုံးစရိတ် စာရင်းအောက်မှ ကျခံသုံးစွဲရန်နှင့် နှစ်စဉ်ပုံမှန် ပြင်ဆင် ထိန်းသိမ်းစရိတ်များကို သာမန် အသုံးစရိတ်စာရင်းအောက်မှ ကျခံ သုံးစွဲရပါမည်။

ပြင်ဆင်စရိတ် ကျခံသုံးစွဲမည့် ငွေစာရင်းခေါင်းစဉ် (ငွေလုံး ငွေရင်း အသုံးစရိတ် (သို့) သာမန်အသုံးစရိတ်) နှင့် ဘဏ္ဍာငွေ လုံလောက်မှု ရှိကြောင်းဖော်ပြရမည်။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သောစာရွက်စာတမ်းများ

(က) ရှေးဦးပြန်တမ်းစာရင်း ရေးသွင်းပြီးကြောင်း အထောက် အထား(မိတ္တူ)

( ခ ) ခွဲဝေရရှိယာဉ် ဖြစ်ပါကစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးရုံး၏ RO (မိတ္တူ)၊ လက်ခံ/ လွှဲပြောင်း ပြေစာ မိတ္တူ၊ ယာဉ်စစ်ဆေးချက် မှတ်တမ်းမိတ္တူ ၊ ဓါတ်ပုံမှတ်တမ်း (ရှေ့ဝဲ/ နောက်ယာ)၊ အင်ဂျင်ခန်း၊  ယာဉ်အတွင်းခန်း၊ မော်တော်ယာဉ် ပြင်ဆင်မည့် Workshop ၏ အသေးစိတ် စာရင်း နှင့် ဈေးနှုန်း

( ဂ ) ယာဉ်၏ လိုင်စင်မိတ္တူ (ခဲခြစ်ပါ ဌာနအမည်ပေါက် စာမျက်နှာနှင့် သက်တမ်းတိုးပြီးစာမျက်နှာ) ပူးတွဲ ပါဝင်ရမည်

(ဃ) ပြင်ဆင်ရမည့် အစိတ်အပိုင်းအလိုက် ဓါတ်ပုံမှတ်တမ်း နှင့် ကညနလိုင်စင်/ Wheel Tax မိတ္တူ

 

လျှောက်ထားရန် အဆင့်များ

ညွှန်ကြားရေးမှူးချုပ်၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေး ရေး ဦးစီးဌာန၊ ရုံးအမှတ် (၃၂)၊ နေပြည်တော် သို့ လိပ်မူ၍ တိုက်ရိုက် လျှောက်ထားရန်

Website လိပ်စာ

မရှိပါ။



HOT NEWS
January 4,