အလိုအလျောက်ငွေထုတ်ယူနိုင်သည့် Automated Teller Machine (ATM) ဝန်ဆောင်မှုလုပ်ငန်း





အလိုအလျောက်ငွေထုတ်ယူနိုင်သည့် Automated Teller Machine (ATM) ဝန်ဆောင်မှုလုပ်ငန်း


Ministry of Planning and Finance / April 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ကျပ်ထောင်ဂဏန်းအလီလီထုတ်ယူနိုင်ပြီး တစ်ကြိမ်လျှင် (၃) သိန်းထက်မပိုသော ငွေသားနှင့်တစ်နေ့ လျှင် (၁၀) သိန်းထက်မပိုသော ငွေသားထုတ်ယူနိုင်ပါမည်။ ကနဦးအပ်နှံငွေ အနည်းဆုံး ကျပ်-၁၀,၀၀၀/- ဖြစ်ပြီး ATM ကတ်ဖိုး ငွေကျပ်- ၃,၀၀၀/- ကို ကနဦးပေးသွင်းငွေမှ ခုနှိမ်ပါမည်။ အနည်းဆုံးလက်ကျန် ငွေကျပ်- ၁,၀၀၀/- ထားရှိရပါမည်။ ATM ကတ်အသုံးပြု၍ ငွေထုတ်ယူနိုင်သည့်အပြင် စျေးဝယ်စင်တာ များရှိ POS စက်များတွင် ငွေပေးချေနိုင်ခြင်း၊ E-commerce စနစ်ဖြင့် Online မှတစ်ဆင့် ကား၊ လေယာဉ်လက်မှတ်နှင့် အခြားသော ရွှေ၊ ငွေ၊ ဒေသထွက်လက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်ခြင်းတို့ ဆောင်ရွက်နိုင်ပါသည်။ MPU ကတ်များဖြင့် မြန်မာ့စီးပွားရေးဘဏ် ATM စက်တွင် လာရောက်ထုတ်ယူ ခြင်း၊ မြန်မာ့စီးပွားရေးဘဏ် ATM ကတ်ဖြင့် MPU အဖွဲ့ဝင်ဘဏ်များတွင် သွားရောက်ထုတ်ယူခြင်းအ တွက် Card Holder မှ ၀.၀၅% ပေးဆောင်ရပါမည်။

ဝန်ဆောင်ခ

MPU ကတ်များဖြင့် မြန်မာ့စီးပွားရေးဘဏ် ATM စက်တွင် လာရောက် ထုတ်ယူခြင်း၊ မြန်မာ့စီးပွားရေးဘဏ် ATM ကတ် ဖြင့် MPU အဖွဲ့ဝင်ဘဏ် များတွင် သွားရောက် ထုတ်ယူခြင်း အတွက် Card Holder မှ ၀.၀၅% ပေးဆောင်ရပါမည်။

လိုအပ်သောစာရွက်စာတမ်းများ

နိုင်ငံသားမှတ်ပုံတင်ကတ်

လျှောက်ထားရန်အဆင့်များ

ATM ကတ်အသုံးပြုလိုပါက မြန်မာ့စီးပွားရေးဘဏ် ATM စနစ်ဆောင်ရွက်နေသည့် ခရိုင်ဘဏ်ခွဲ (၅၃) ဘဏ်တွင် စာရင်းဖွင့်လျှောက်လွှာပုံစံ ဖြည့်ရပါမည်။ လျှောက်ထားပြီး (၁) ပတ်ကြာလျှင် ATM ကတ်ရ ရှိပြီး PIN နံပါတ်ပြောင်းလဲကာ MPU အဖွဲ့ဝင်မည်သည့် ATM စက်တွင်မဆို ငွေထုတ်ယူနိုင်ပါသည်။

ဆက်သွယ်ရမည့် လိပ်စာ

ATM Data Centre၊ မြန်မာ့စီးပွားရေးဘဏ် (တိုင်းဒေသ ကြီးရုံး)၊ ဆူးလေ ဘုရားလမ်း၊ ရန်ကုန်မြို့။

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ (၅၃) ဘဏ်တွင် ဝန်ဆောင်မှုပေး လျက်ရှိပါသည်။

Website လိပ်စာ

www.meb.gov.mm



HOT NEWS
January 4,