E-Remittance (Online) Internal Remittance (Fax/ Telegraph/ Bankdraft)





E-Remittance (Online) Internal Remittance (Fax/ Telegraph/ Bankdraft)


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / April 10, 2018

ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း ( E-Remittance (@) Internal Remittance System (Online/Fax/Telegraph/Bank draft))

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ငွေလွှဲသူ/ ငွေထုတ်ယူသူများတွင် နိုင်ငံသားစိစစ်ရေးကဒ်ရှိပါက ငွေလွှဲပို့/ ထုတ်ယူနိုင်ပါမည်။

ငွေလွှဲသူ/ ငွေထုတ်ယူသူများသည် မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် စာရင်းရှင်စာရင်း/ ငွေစုဘဏ်စာရင်း ရှိပါကလည်း ငွေလွှဲပို့/ ထုတ်နိုင်ပါမည်။

ဝန်ဆောင်ခ

(၂.၁.၂၀၁၈)နေ့မှစ၍ ဘဏ်ခွဲအချင်းချင်း ငွေလွှဲပို့ရာ၌ ကျပ် ၁၀၀/- လျှင် ၅ ပြားနှုန်းဖြင့် ကောက်ခံပြီး အနည်းဆုံးငွေလွှဲခမှာ ကျပ် ၂၀၀/-ဖြစ်ပါသည်။ Online/ဖက်စ်/ကြေးနန်းအသုံးပြုခများအား ငွေလွှဲ တစ်စောင်လျှင် ကျပ် ၅၀၀/-နှုန်း ကောက်ခံပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

နိုင်ငံသားစိစစ်ရေးကတ်

လျှောက်ထားရန်အဆင့်များ

ငွေလွှဲလိုပါက ဘဏ်ခွဲမှ သတ်မှတ်ပုံစံရယူ၍ ပုံစံဖြည့်စွက်ရပါမည်။ ငွေထုတ်လိုပါက နိုင်ငံသားစိစစ်ရေး ကတ် ယူဆောင်လာရပါမည်။

ဆက်သွယ်ရမည့်လိပ်စာ

မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်) အမှတ်(၂၆) သီရိကျော်စွာလမ်း၊ ဘဏ်များဇုံ၊ နေပြည်တော်

မြန်မာ့စီးပွားရေးဘဏ်(ဘဏ်ခွဲများ)

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

Internal Remittance- မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြန်မာ့စီးပွားရေးဘဏ်(ဘဏ်ခွဲများ)

E-Remittance (Online)- နေပြည်တော်၊ ပျဉ်းမနား၊ ဘဏ်ခွဲ(၁)မန္တလေး၊ ဘဏ်ခွဲ(၂)မန္တလေး၊ ဘဏ်ခွဲ(၃) မန္တလေး၊ ရန်ကုန်ဘဏ်ခွဲ(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ ငွေစုဘဏ်ခွဲ(၁)၊(၂)၊(၃)၊(၄)၊ ကြည့်မြင်တိုင်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ အင်းစိန်၊ ကမာရွတ်၊ မြောက်ဥက္ကလာပ၊ သန်လျင်၊ မိတ္ထီလာ၊ မြင်းခြံ၊ ရမည်းသင်း၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ မြဝတီ၊ ပုသိမ်၊ ရေကြည်၊ မုံရွာ၊ စစ်ကိုင်း၊ ချောက်၊ ပခုက္ကူ၊ မကွေး၊ တောင်ကြီး၊ တာချီလိတ်၊ လားရှိုး၊ မူဆယ်၊ လွိုင်ကော်၊ မြစ်ကြီးနား၊ ဗန်းမော်၊ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ စစ်တွေ၊ ကျောက်ဖြူ၊ ပေါက်၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ကျောက်မဲ၊ ပုလဲ၊ တန့်ဆည်၊ မိုးညှင်း၊ ကလေး၊ မင်းတပ်၊ ဟားခါး၊ မတူပီ၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ လှိုင်သာယာ၊ မြို့သစ်၊ ပုဗ္ဗသီရိ ဘဏ်ခွဲများ။

E-Remittance (Offline)- ဘဏ်ခွဲ(၆)ရန်ကုန်၊ ကော့ကရိတ်၊ မော်လမြိုင်(၁)(၂)၊ ဘားအံ၊ သထုံ၊ ရွှေဘို၊ မင်းဘူး၊ သရက်၊ သာယာဝတီ၊ ညောင်ဦး၊ လွိုင်လင်၊ ကျိုင်းတုံ၊ သံတွဲ၊ သာပေါင်း၊ မြောင်းမြ၊ ဟင်္သာတ၊ ဖျာပုံ၊ မအူပင်၊ သိန္နီ၊ ကွမ်းလုံ၊ ကွတ်ခိုင်၊ တန့်ယန်း၊ မြိုင်၊ ရေစကြို၊ ဆိပ်ဖြူ၊ နမ့်ဆန်(မြောက်)၊ စဉ့်ကူး၊ ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်း၊ ရေဦး၊ ယင်းမာပင်၊ ဝန်းသို၊ အရာတော်၊ ကသာ၊ အင်းတော်၊ ရွှေကူ၊ ထီးချိုင့်၊ ဖားကန့်၊ တနိုင်း၊ ထန်တလန်၊ တမူး၊ ဖလမ်း၊ လှည်းကူး၊ တိုက်ကြီး၊ ရွှေပြည်သာ၊ မှော်ဘီ၊ မြောက်ဒဂုံ၊ ငဖဲ၊ စေတုတ္တရာ၊ မင်းလှ(သရက်)၊ တောင်တွင်းကြီး၊ လယ်ဝေး၊ တပ်ကုန်း ဘဏ်ခွဲများ။

ဖြည့်စွက်ချက်

E-Remittance System တွင် Online နှင့် Offline System ဟူ၍ ခွဲခြားထားရှိပါသည်။ Online ဘဏ်ခွဲများတွင် Online ဘဏ်ခွဲအချင်းချင်းလွှဲပို့ရာ၌  ငွေလွှဲသည့်ဘဏ်ခွဲမှ ငွေလွှဲပြီးသည်နှင့် တစ်ဖက် ငွေထုတ်ဘဏ်ခွဲသို့ ချက်ချင်းရောက်ရှိပြီး ချက်ချင်းငွေထုတ်ပေးနိုင်ပါသည်။ Offline ဘဏ်ခွဲများတွင် ငွေလွှဲသည် Online ဖြင့် မရောက်ရှိသော်လည်း ကွန်ပျူတာစနစ် အသုံးပြုခြင်းကြောင့် မြန်ဆန်စွာ ငွေထုတ် ပေးနိုင်ပါသည်။

Website လိပ်စာ

www.meb.gov.mm

 



HOT NEWS
January 4,