ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်း၊ တင်ပို့ခြင်းနှင့် နိုင်ငံတွင်းမှတစ်ဆင့် ဖြတ်သန်းကုန်သွယ်ခြင်းတို့အတွက် ထောက်ခံချက် လျှောက်ထားခြင်း





ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်း၊ တင်ပို့ခြင်းနှင့် နိုင်ငံတွင်းမှတစ်ဆင့် ဖြတ်သန်းကုန်သွယ်ခြင်းတို့အတွက် ထောက်ခံချက် လျှောက်ထားခြင်း


Ministry of Industry / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

  • ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်း(များ)ကို ပြည်ပသို့ တင်ပို့လိုပါက သတ်မှတ်ပုံစံ (၃)၊ ပြည်တွင်းသို့ တင်သွင်းလိုပါက သတ်မှတ်ပုံစံ (၄)၊ နိုင်ငံတွင်းမှတစ်ဆင့် ဖြတ်သန်း ကုန်သွယ်ခြင်း အတွက် သတ်မှတ်ပုံစံ (၁၃)
  • အရောင်းအဝယ်စာချုပ် (Sale Contract) မိတ္တူ
  • အန္တရာယ်ကင်းရှင်းမှုအဆင့် မှတ်တမ်းလွှာ (Material Safety Data Sheet -MSDS)

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သောစာရွက် စာတမ်းများ

  •    ကုမ္ပဏီ Letter Head ဖြင့် ကုမ္ပဏီ၏ Managing Director သို့မဟုတ် Director အဖွဲ့ဝင် တစ်ဦးဦးမှ လက်မှတ်ရေးထိုးလျှောက်ထားသည့် လျှောက်လွှာ (မှတ်ပုံတင်မိတ္တူပူးတွဲ)
  •    Proforma Invoice မိတ္တူ
  •    တင်ပို့/တင်သွင်း/နိုင်ငံတွင်းမှတစ်ဆင့်ဖြတ်သန်းကုန်သွယ်ခြင်း ပြုလုပ်လိုသည့် ဓာတု ပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်း(များ) အား အသုံးပြုမည့်နည်းလမ်း (အသုံးပြုပုံ)
  •    ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီး ဌာန (D.R.I) မှ Analysis Report
  •   Certificate of Analysis (COA)   Form VI ၊ Form XXVI အပါအဝင် ကုမ္ပဏီမှတ်ပုံတင်တွဲ မိတ္တူ

လျှောက်ထားရန်အဆင့်များ

အဆင့် ၁

ထောက်ခံချက်လျှောက်လွှာလက်ခံစိစစ်ခြင်း

လိုအပ်သော စာရွက်စာတမ်းများစိစစ်ပြီး ပြည်စုံပါက ဆက်လက် ဆောင်ရွက်ခြင်း၊ မပြည့်စုံပါက လိုအပ်သည်များ ပြန်လည်တောင်းယူ ပြီး စိစစ်ဆောင်ရွက်ခြင်း

အဆင့် ၂

ထောက်ခံချက် လျှောက်လွှာနှင့် လိုအပ်သော စာရွက်စာတမ်းများအား ထပ်မံစိစစ်ခြင်း

အဆင့် ၃

ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ ထောက်ခံချက် တွင် လက်မှတ်ရေးထိုးခြင်း

အဆင့် ၄

ထောက်ခံချက်မှတ်ပုံတင်ခြင်းနှင့် ထောက်ခံ ချက်ထုတ်ပေးခြင်း

ထောက်ခံချက်၏ သက်တမ်းမှာ  (၆)လ ဖြစ်ပါသည်။ ထောက်ခံချက် လာရောက်ထုတ်ယူရာတွင် ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ် လွှဲစာဖြင့် ထုတ်ယူရမည်ဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

ဥက္ကဋ္ဌဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ် ရေးဗဟို ကြီးကြပ်ရေးအဖွဲ့။

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။

ဖုန်း-၀၆၇-၄၀၅၃၂၄၊ Fax: ၀၆၇-၄၀၅၀၅၂

e-mail            :           myanmarchemical@gmail.com

ဝန်ဆောင်မှုရရှိနိုင် မည့်တည်နေရာများ

နေပြည်တော်

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။

ဖုန်း-၀၆၇-၄၀၅၃၂၄၊ Fax: ၀၆၇-၄၀၅၀၅၂

e-mail            :           myanmarchemical@gmail.com

Website လိပ်စာ

http://www.industry.gov.mm/my/article/announcements/692



FAQs

ဖြေ - ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်း လိုင်စင်နှင့် မိတ္တူယူဆောင်လာရမည်ဖြစ်ပါသည်။

- ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ များ နှင့်ပတ်သက်၍ သိလိုသည့် မေးမြန်းချက်အား ရှင်းလင်းပြော ကြားပါသည်။

- ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများမှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် Company Letter ဖြင့် လျှောက်ထားစာ၊ လျှောက်လွှာပုံစံ(၇)၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး နည်းဥပဒေများ(၂၆)ပါ အချက်အလက်များ၊ Certificate of Analysis (COA)၊ စသည့်အချက်အလက်များပြည့်စုံလျှင်မူရင်း(၁)စုံ၊ မိတ္တူ(၁)စုံဖြင့် လျှောက်ထားရန်လိုအပ်ပါသည်။

ဖြေ - ထောက်ခံချက်လျှောက်ထားရန် လိုအပ်သော အချက် အလက်များအား စက်မှုဝန်ကြီးဌာန၏ Official Website ဖြစ်သော http://www.industry.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။

- ဝန်ဆောင်ခ လုံးဝ(လုံးဝ) ပေးဆောင်ရန် မလိုအပ်ပါ။

- အချက်အလက်ပြည့်စုံပါက အချိန် (၁)ရက်ခန့်သာ ကြာမြင့် ပါသည်။

- ထောက်ခံချက် သက်တမ်းသည် (၆)လ ရှိပါသည်။

- DRI ၏ Lab စစ်ဆေးချက်သက်တမ်းသည် (၁)နှစ် ရှိပါသည်။

HOT NEWS
January 4,