တရားဝင်ငါးဖမ်းဆီးခြင်းမှရရှိသည့် ရေထွက်ပစ္စည်းများဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်(Catch Certificate) ထုတ်ပေးခြင်း





တရားဝင်ငါးဖမ်းဆီးခြင်းမှရရှိသည့် ရေထွက်ပစ္စည်းများဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်(Catch Certificate) ထုတ်ပေးခြင်း


Ministry of Agriculture, Livestock and Irrigation / April 18, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က)     မြန်မာ့ပင်လယ်ရေပြင်အတွင်းလုပ်ကိုင်နေသည့်် ငါးဖမ်းရေယာဉ်များမှဖမ်းဆီးရမိသည့်  ပင်လယ်ရေထွက်ပစ္စည်းများဖြစ်ရမည်။

( ခ )    မြန်မာနိုင်ငံမှပင်လယ်ရေထွက်ပစ္စည်းများကို ဥရောပနိုင်ငံများသို့ တင်ပို့ခြင်း(သို့) ဥရောပနိုင်ငံများသို့ တဆင့်တင်ပို့မည့်နိုင်ငံများက တောင်းခံပါကထုတ်ပေးမည် ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

ပုံမှန်/နယ်စပ်ကုန်သွယ်ရေးတွင်ကုမ္ပဏီများမှ ကား၊လေယာဉ်၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့မည့်ပင်လယ်ရေထွက်ပစ္စည်းများအတွက် -

(က)   Catch Certificate ထုတ်ပေးရန် ကုမ္ပဏီ၏လျှောက်လွှာ

( ခ )   အကောက်ခွန်ဦးစီးဌာန၏ပို့ကုန်ကြေငြာလွှာ (Export Declaration)

( ဂ )   ရေထွက်ပစ္စည်းထွက်ရှိရာအရပ်မှ သယ်ယူခဲ့သည့် မျှောစာ

 (Product Movement Document –PMD)

(ဃ)    လေယာဉ် သို့မဟုတ် ကုန်တင်ရေယာဉ်ဖြင့် ကုန်ပစ္စည်းတင်ဆောင်မည့်ပြေစာ

( င )    ပို့ကုန်အမျိုးအစားနှင့် တန်ချိန်မှန်ကန်ကြောင်းကတိဝန်ခံချက်

( စ )    ရေထွက်ပစ္စည်းပြုပြင်မွမ်းမံမှုဖော်ပြချက် (Processing Statement)

နယ်စပ်ကုန်သွယ်ရေးတွင်ငါးသယ်ရေယာဉ်များဖြင့် တင်ပို့မည့် ပင်လယ်ရေထွက်ပစ္စည်းများအတွက်-

(က)   ပြည်တွင်းငါးသယ်လိုင်စင်

( ခ )   ပြည်ပတင်ပို့ငါးသယ်လိုင်စင်

( ဂ )   ငါးလုပ်ငန်းဦးစီးဌာန၏ကုန်ပို့လွှာ (Invoice)

(ဃ)    အကောက်ခွန်ဦးစီးဌာန၏ပို့ကုန်ကြေညာလွှာ (Export Declaration)

( င )   ငါးဖမ်းရေယာဉ်များမှ ကုန်လွှဲပြောင်းရယူခဲ့သည့် ကုန်လွှဲပြောင်းမှတ်တမ်း (Transshipped Document)

( စ )   ဆိပ်ကမ်းခွန်များ​ပေးဆောင်ပြီးကြောင်းထောက်ခံချက် (Port Clearance)

(ဆ)    ရေထွက်ပစ္စည်းပြုပြင်မွမ်းမံမှုဖော်ပြချက် (Processing Statement)

ဝန်ဆောင်ခ

အခမဲ့

လျှောက်ထားရန်အဆင့်များ

အထောက်အထားစုံလင်ပါကငါးလုပ်ငန်းဦးစီးဌာန (ရန်ကုန်ရုံးခွဲ) နှင့် ထားဝယ်မြို့၊ မြိတ်မြို့နှင့်  ကော့သောင်းမြို့များရှိခရိုင် ငါးလုပ်ငန်းဦးစီးဌာနများသို့ လျှောက်ထားရပါမည်။

Website လိပ်စာ

www.dof.gov.mm



FAQs

HOT NEWS
January 4,