သာသနတက္ကသီလဓမ္မာစရိယတန်း ဝင်ခွင့်စာမေးပွဲအတွက် လျှောက်ထားခြင်း

သာသနတက္ကသီလဓမ္မာစရိယတန်း ဝင်ခွင့်စာမေးပွဲအတွက် လျှောက်ထားခြင်း





သာသနတက္ကသီလဓမ္မာစရိယတန်း ဝင်ခွင့်စာမေးပွဲအတွက် လျှောက်ထားခြင်း


Ministry of Religious Affairs & Culture / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

(၁) အစိုးရပထမကြီးတန်း၊  စေတီယင်္ဂဏစာသင်တန်း၊ သကျသီဟ စာသင်တန်း တစ်ခုခုကို အောင်မြင်ပြီးသူဖြစ်ရမည်။

(၂) အသက်(၃၀)နှစ် သိက္ခာ(၁၀)ဝါထက်မကြီးသော ရဟန်းနှင့် သာမဏေများ ဖြစ်ရမည်။

(၃) ရဟန်းကျင့်ဝတ်၊ ရှင်ကျင့်ဝတ်၌ တည်ရှိပြီး လဇ္ဇီပေသလသိက္ခာ ကာမရှိသူ ဖြစ်ရမည်။

(၄) ကျန်းမာရေးကောင်းမွန်ရမည်။

(၅) သာသနာ့တက္ကသိုလ်က ပေးအပ်သောဘွဲ့ကိုရရှိပြီးသောအခါ သာသနာ့တက္ကသိုလ်က ပေးအပ်သော တာဝန်ကို အနည်းဆုံး(၂)နှစ်၊ (၂၄)လ မပျက်မကွက် တာဝန်ယူ ထမ်းဆောင် ရမည်။

(၆) မိမိအား တာဝန်ယူမည့် ဥပဇ္စျာယ်ဆရာ (သို့မဟုတ်) မိမိအား တာဝန်ယူမည့် ဆရာတော် တစ်ပါးပါး၏ အပ်နှံလွှာပါရှိရမည်။

လိုအပ်သော စာရွက်စာတမ်းများ

(၁) သာသနာဝင်မှတ်တမ်းမူရင်း၊ မိတ္တူ

(၂) (၆)လအတွင်းရိုက်ထားသော ပတ်စ်ပို့အရွယ်  ဓါတ်ပုံ(၂)ပုံ၊

(၃) ပထမကြီးတန်းအောင်လက်မှတ်မူရင်း၊ မိတ္တူ

(၄) ဝင်ခွင့်ဖြေဆိုသောသူများသည်  လျှောက်လွှာပုံစံများကို  ဖြေဆိုသူ ကိုယ်တိုင် သက်ဆိုင်ရာ မော်ကွန်းရုံး၌ လာရောက် ထုတ်ယူရမည်။ ကိုယ်တိုင်မလာရောက်နိုင်လျှင် ကိုယ်စားလှယ် လွှတ်၍ လျှောက်လွှာ ထုတ်ယူနိုင်သော်လည်း လျှောက်လွှာ ပြန်လည်တင်သွင်းသည့်အခါ ဖြေဆိုမည့်သူကိုယ်တိုင်သာ ပြန်လည်တင်သွင်းရမည်။

မှတ်ချက် 

ယခုနှစ်မှအောင်မြင်ခဲ့သော အရှင်မြတ်များသည် ပထမကြီးတန်း မူရင်း၊ မိတ္တူတင်ပြရန်မလိုပါ။

ဝန်ဆောင်ခ

မရှိပါ။

လျှောက်ထားရန်အဆင့်များ

ဝင်ခွင့်ဖြေဆိုသောသူများသည်  လျှောက်လွှာပုံစံများကို  ဖြေဆိုသူ ကိုယ်တိုင် သက်ဆိုင်ရာ မော်ကွန်းရုံး၌ လာရောက် ထုတ်ယူရမည်။ ကိုယ်တိုင်မလာရောက်နိုင်လျှင် ကိုယ်စားလှယ် လွှတ်၍ လျှောက်လွှာ ထုတ်ယူနိုင်သော်လည်း လျှောက်လွှာပြန်လည်တင်သွင်းသည့်အခါ ဖြေဆိုမည့်သူကိုယ်တိုင်သာ ပြန်လည်တင်သွင်းရမည်။

ဆက်သွယ်ရမည့်လိပ်စာ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ မော်ကွန်းထိန်းဌာန၊ ကမ္ဘာအေးကုန်းမြေ၊ မရမ်းကုန်းမြို့နယ်။

ဖုန်း ၀၁-၆၆၂၁၄၈၊ ၀၉၅၁၈၃၄၇၁

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ မော်ကွန်းထိန်းရုံး၊ ၆၂ လမ်း၊ ရွှေကျောင်းကြီးအရှေ့၊

ဖုန်း ၀၂-၆၆၉၀၁

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ မော်ကွန်းထိန်းဌာန၊ ကမ္ဘာအေးကုန်းမြေ၊ မရမ်းကုန်းမြို့နယ်။

ဖုန်း ၀၁-၆၆၂၁၄၈၊ ၀၉၅၁၈၃၄၇၁

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ မော်ကွန်းထိန်းရုံး၊ ၆၂ လမ်း၊ ရွှေကျောင်းကြီးအရှေ့၊

ဖုန်း ၀၂-၆၆၉၀၁

ဖြည့်စွက်ချက်

သာသနတက္ကသီလဓမ္မာစရိယတန်း ဝင်ခွင့်စာမေးပွဲတွင် ဖြေဆိုရမည့် ဘာသာရပ်များ

(၁)  ဝိနည်းဘာသာရပ်

(၂) အဘိဓမ္မာဘာသာရပ်

(၃) ပါဠိဘာသာရပ်

(၄) ဗဟုသုတဘာသာရပ်

(၅) အင်္ဂလိပ်စာဘာသာရပ်

- ပထမနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို နှစ်စဉ် တန်ဆောင်မုန်းလ တွင် ကျင်းပပါသည်။

ပညာသင်ကာလနှင့်သင်တန်းချိန်

- နှစ်စဉ် နတ်တော်လဆန်း(၁)ရက်မှ တန်ခူးလပြည့်နေ့အထိ ပထမပိုင်း နှစ်ဝက်နှင့် နယုန်လဆန်း (၁)ရက်မှ သီတင်းကျွတ် လပြည့်နေ့အထိ ဒုတိယပိုင်းနှစ်ဝက်ဟု ပိုင်းခြားထားပြီး ကျောင်းပိတ် ရက်အား သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်း လကွယ်နေ့အထိ သတ်မှတ်ထားပါသည်။ သင်တန်းချိန်အား လစဉ် လပြည့်၊ လကွယ်၊ (၇)ရက် အဖိတ်၊(၈)ရက်ဥပုသ်နေ့များမှအပ နေ့စဉ် နံနက် (၀၅:၃၀)နာရီ အရုဏ်ဆွမ်း၊ နံနက်(၀၇:၀၀)နာရီမှ (၁၀:၀၀) နေ့စာသင်ချိန်၊ (၁၀:၃၀)နာရီမှ(၁၁:၀၀)နာရီထိ နေ့ဆွမ်း၊ နေ့လည်(၁၃:၀၀)နာရီမှ ညနေ(၁၆:၀၀)နာရီအထိ ညနေစာသင်ချိန်၊ ညနေ (၁၇:၄၅) နာရီမှ (၁၈:၂၀)နာရီထိ ဘုရားဝတ်တက်ချိန်နှင့် ညပိုင်း ကိုယ်ပိုင်စာကြည့်ချိန်တို့ ဖြစ်ပါသည်။

Website လိပ်စာ

မရှိပါ။



FAQs

HOT NEWS
June 24,

Subcribe to us

Government Directory