မော်တော်ယာဉ်တစ်စီးထက် ပို၍အသုံးပြုသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လျှောက်ထားခြင်း


Kachin State Government / October 05, 2021

(၁)     အပိုဒ် ၄(က) ပါ သတ်မှတ်ချက်များနှင့်ညီညွတ်ရမည်၊

(၂)      ခရီးသည်သယ်ယူပို့ဆောင်သော လုပ်ငန်းကိုဖြစ်စေ၊ ကုန်စည်သယ်ယူပို့ဆောင်သောလုပ်ငန်းကိုဖြစ်စေ၊ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်သောလုပ်ငန်းနှစ်မျိုးလုံးကိုဖြစ်စေ လျှောက်ထားနိုင်သည်၊

(၃)     ခရီးသည်သယ်ယူပို့ဆောင်သော လုပ်ငန်းတွင်ဖြစ်စေ၊ ကုန်စည်သယ်ယူပို့ဆောင်သောလုပ်ငန်းတွင်ဖြစ်စေ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူတစ်ဦးတည်းမှလုပ်ငန်းလုပ်ကိုင်ခွင့် နှစ်ကြိမ်လျှောက်ထားခြင်း မရှိစေရ၊

(၄)     သို့သော် ခရီးသည်သယ်ယူပို့ဆောင်သောလုပ်ငန်းမှ “ခ”၊ “ဂ”၊ “ဃ”လုပ်ငန်းအမျိုးအစား တစ်မျိုးထက်ပို၍ဖြစ်စေ၊ ကုန်စည်သယ်ယူပို့ဆောင်သောလုပ်ငန်းမှ “က”၊ “င”လုပ်ငန်းအမျိုးအစား နှစ်မျိုးကိုဖြစ်စေ ပူးတွဲလျှောက်ထားလာပါက  သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေး အဖွဲ့၏ခွင့်ပြုချက် ရယူရမည်။

Website လိပ်စာ

https://chinstate.gov.mm/

FAQs