L.S.A စစ်ဆေးခြင်း


Ministry of Transport and Communications / April 09, 2018

ဝန်ဆောင်မှုရယူရန်လိုအပ်ချက်များ

L.S.A အသစ်ပြုလုပ်လိုလျှင် ရေယာဉ်မှတ်ပုံတင်မိတ္တူ၊ ရေယာဉ်မှူး၊ စက်ခန်းအုပ် တို့၏လက်မှတ်၊ စက်ခဲခြစ်၊ အသက်ကယ်ပစ္စည်းကိရိယာများပြည့်စုံစေရန် ဆောင်ရွက်ထားရမည်။

ဝန်ဆောင်ခ

ကုန်တင်/ငါးဖမ်းသစ်သားခွံ             ၅၀၀၀ိ/-ကျပ်

ငါးဖမ်းသံခွံ                                     ၁၀၀၀၀ိ/-ကျပ်

ကုန်တင်သံခွံ                                   ၁၅၀၀၀ိ/-ကျပ်

ခရီးသည်တင်                                  ၃၀၀၀၀ိ/-ကျပ်

လိုအပ်သောစာရွက်စာတမ်းများ

ရေယာဉ်မှတ်ပုံတင်မိတ္တူ

ရေယာဉ်မှူးလက်မှတ်

စက်ခန်းအုပ်လက်မှတ်

စက်ခဲခြစ်

လျှောက်ထားရန်အဆင့်များ

LSA စစ်ဆေးခံယူလိုလျှင်ရေယာဥ်မှတ်ပုံတင်မိတ္တူ ၊ ရေယာဉ်မှူး၊ စက်ခန်းအုပ်တို့၏လက်မှတ် ၊ စက်ခဲခြစ် တို့နှင့်အတူ ညွှန်ကြားရေးမှူးထံ ရေယာဉ်ပိုင်ရှင်မှ ရေယာဉ်စစ်ဆေးရန် အတွက် ကြိုတင်လျှောက်ထားရမည် ။

ညွှန်ကြားရေးမှူးမှ စစ်ဆေးမည့်နေ့ရက်နှင့် စစ်ဆေးရေးမှူးအား သတ်မှတ်ပေးပါမည် ။

စစ်ဆေးပြီးသတ်မှတ်ချက်များနှင့် ကိုက်ညီပါက Survey ဌာနစိတ် LSA လက်မှတ်ကို ပြုစုရိုက်နှိပ်ပေးပါမည် ။

LSAစစ်ဆေးခြင်းအတွက် သတ်မှတ်ကျသင့်ငွေ ပေးသွင်းထား သည့် အထောက်အထား၊ သူတပါးထိခိုက်မှု ပီရမီယံကြေး အာမခံပေးသွင်းထားသည့် ချလန်တို့နှင့်အတူ ပြည့်စုံပါက စစ်ဆေးသူဒု-ညွှန်ကြားရေးမှူးမှ လက်မှတ်ရေးထိုး ထုတ်ပေးပါသည်။

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

ရန်ကုန်မြို့/မြိတ်မြို့

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

Website လိပ်စာ

မရှိပါ။