ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း


Ministry of Hotel & Tourism / June 09, 2023

၁။ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် လျှောက်ထားသူသည်-

     (က) အသက် (၁၈) နှစ် ပြည့်ပြီးသူဖြစ်ရမည်။

     (ခ) အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူ သို့မဟုတ် ယင်းအဆင့်နှင့် တူညီသော ပညာအရည်အချင်းရှိသူဖြစ်ရမည်။

     (ဂ) နိုင်ငံခြားဘာသာစကားတစ်ခုခုကို ကောင်းစွာတတ်ကျွမ်းသူဖြစ်ရမည်။

     (ဃ) သက်ဆိုင်ရာဒေသ၌ ဖွင့်လှစ်သော ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်း အောင်မြင် ပြီးသူ ဖြစ်ရမည်။

     (င) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

     (စ) အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

     (ဆ) နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း သို့မဟုတ် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း တစ်ခုခု တွင် တာဝန်ထမ်းဆောင်နေသူ မဖြစ်စေရ။

၂။ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် လျှောက်ထားသူသည် အောက်ပါအချက်အလက်၊ အထောက်အထားများဖြင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသို့ လျှောက်ထားရမည်- 

    (က) လိုင်စင်လျှောက်လွှာ၊

    (ခ) ပညာအရည်အချင်းအထောက်အထားမိတ္တူ၊

    (ဂ) နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊

   (ဃ) သက်ဆိုင်ရာဒေသ၌ဖွင့်လှစ်ခဲ့သော ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်းဆင်း အောင်လက်မှတ်မိတ္တူ၊

   (င) လိုင်စင်လျှောက်ထားသူ၏(၆)လအတွင်းရိုက်ကူးထားသည့် ၁''x ၁''အရွယ်ရောင်စုံ ဓါတ်ပုံ(၂ )ပုံ၊

   (စ) ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာကျန်းမာရေးဌာန၏ ထောက်ခံချက်၊

   (ဆ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံး နှင့် ရဲစခန်းထောက်ခံချက်၊



FAQs

Services (Online) - 127 items Explore more

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၌ Online Booking စနစ်ဖြင့် နိုင်ငံကူးလက်မှတ်(Passport) လျှောက်ထားခြင်းဝန်ဆောင်မှု

Ministry of Home Affairs / July 23, 2024

၂၄-၃-၂၀၂၃ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနေဖြင့် www.passport.gov.mm website တွင် Online Appointment စနစ်ဖြင့်

Rating

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၏ FSD Online Web Application System (app.fsd.gov.mm)

Ministry of Home Affairs / July 23, 2024

မီးသတ်ဦးစီးဌာနသည် အဆောက်အဦများ၏ မီးဘေးလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ .....................

Rating

Health and Safety Protocol Certification System

Ministry of Hotel & Tourism / April 20, 2023

Rating