Services (Offline) - 548 items Explore more

Visa On Arrival (Tourist)

Ministry of Immigration & Population / October 30, 2024

ရန်ကုန်/မန္တလေး/နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Tourist Visa On Arrival ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါသည်။

Rating

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေး သော CoC All-in-One Booklet လျှောက်ထားခြင်း


Ministry of Transport and Communications / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

  • ကျွမ်းကျင်မှုလက်မှတ် အသစ်လျှောက်ထားသူ ဖြစ်ပါက အောင်စာရင်း မူရင်း+ မိတ္တူ
  • ကျွမ်းကျင်မှုလက်မှတ် သက်တမ်းတိုး လျှောက်ထားသူဖြစ်ပါက Revalidation  လက်မှတ် မူရင်း+မိတ္တူ

လိုအပ်​​သော စာရွက်စာတမ်းများ

  • လျှောက်ထားသူ တက်​ရောက်အောင်မြင်ခဲ့​သော သက်ဆိုင်ရာ တတ်ကျွမ်းမှု သင်တန်းဆင်းလက်မှတ်များ
  • သင်္ဘောသားလုပ်သက်မှတ်တမ်းစာအုပ် (SIRB/CDC)
  • Medical Certificate
  • ဓါတ်ပုံ(၁)ပုံ

လျှောက်ထားရန် အဆင့်များ

(၁) Online Application ဖြင့် လျှောက်လွှာတင်ခြင်း

ရာထူးအဆင့်အလိုက် သတ်မှတ်ထားသော လက်မှတ်များနှင့် သင်တန်းများ အားလုံး တက်ရောက်ပြီးစီးမှသာ  လျှောက်ထားနိုင်မည်ဖြစ်သည် -

(က)     Website - http://sseapplication.dmamyanmar.org တွင် မိမိ လျှောက်ထား လိုသည့် လက်မှတ်များအတွက် အချက်အလက်များ ပြည့်စုံစွာ ဖြည့်သွင်း၍ Online Application ဖြင့် လျှောက်လွှာတင်ရန်၊

(ခ)       နေ့ရက်နှင့် အချိန်ရွေးချယ်၍ Appointment Confirmation ရက်ချိန်းယူရန်၊

(ဂ)       Online မှ ပြန်ကြားမည့်Confirmation Letter အား Print ထုတ်၍ ချိန်းဆိုသည့်နေ့ တွင် တပါတည်း (မပျက်မကွက်) ယူဆောင်လာရန်၊

(ဃ)     ချိန်းဆိုသည့်နေ့၌ ကာယကံရှင်ကိုယ်တိုင် သတ်မှတ်ကောင်တာသို့ ချိန်းဆိုထားသည့် အချိန်ထက် (၁၅) မိနစ် စော၍လာရောက်ရန်နှင့် လိုအပ်သော လက်မှတ်မူရင်းများ နှင့် သင်တန်းဆင်းလက်မှတ်၊ အထောက်အထားများအား ယူဆောင်လာရန်၊

(င)       လျှောက်လွှာပုံစံအားဖြည့်စွက်၍ လက်မှတ်ရေးထိုးပြီးတင်ရန်။

(၂) ငွေသွင်းခြင်း

လာရောက်သည့်နေ့တွင်လက်မှတ်ကြေးကျသင့်ငွေအားကာယကံရှင်ကိုယ်တိုင်သတ်မှတ်ကောင်တာတွင်ပေးသွင်းရန်၊

(၃) အတည်ပြုခြင်းနှင့်လက်မှတ်ရေးထိုးခြင်း

CoC Booklet တွင် ပါရှိသည့် ကာယကံရှင်၏ အချက်အလက်များ မှန်ကန်မှုရှိ/ မရှိ အတည်ပြု၍ လျှောက်လွှာတွင် ကာယကံရှင်ကိုယ်တိုင် Digital   Signature ရေးထိုးရန်၊

(၄) CoC Booklet ထုတ်ယူရန် ရက်ချိန်းယူခြင်း

ငွေသွင်းသည့် အထောက်အထား တင်ပြ၍ CoP Booklet စာအုပ် ထုတ်ယူရမည့် ရက်ချိန်း ယူရန်၊   (ခန့်မှန်းခြေ ၁ ပတ်)

(၅) CoC Booklet ထုတ်ယူခြင်း

CoC    Booklet ထုတ်ယူရာတွင်    မိမိလျှောက်လွှာတင်ခဲ့စဉ်က     ပြုလုပ်ခဲ့သော လက်မှတ်များ၏ အချက်အလက်များအတိုင်း မှန်ကန်ပြည့်စုံခြင်း ရှိ/မရှိ စစ်ဆေး၍          Register Book တွင် ကာယကံရှင် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ယူရန်၊

*နေ့စဉ် (၁၄:၀၀) နာရီ မှ (၁၆:၃၀) နာရီ အတွင်း ထုတ်ယူနိုင်ပါသည်။

Website လိပ်စာ

မရှိပါ။