စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း SOUTH EAST ASIA IRON AND STEEL INSTITUTE TRAVELLING SEMINAR, 2023 တက်ရောက်


Ministry of Industry/ Ministry of Industry / March 20, 2023


နေပြည်တော်၊ မတ် (၁၅)
    သံနှင့်သံမဏိလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မတ်လ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပပြုလုပ်သည့် South East Asia Iron And Steel Institute Travelling Seminar, 2023 အခမ်းအနားသို့ တက်ရောက်၍  အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံအား စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ စသည့်အဓိကကျသော အခန်းကဏ္ဍ (၃)ရပ်ရှိပြီး မဟာဗျူဟာမြောက် စီးပွားရေးပြုပြင်ပြောင်းလဲမှုဆောင်ရွက်လျှင် သံနှင့်သံမဏိထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးရေးသည် အလွန်အရေးပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လူတစ်ဦးချင်းစီ၏ သံ၊ သံမဏိသုံးစွဲမှုပမာဏအပေါ် မူတည်၍လည်း တိုင်းတာဖော်ပြလေ့ရှိကြောင်း၊ သံမဏိသည် လူသားအားလုံး၏ စားဝတ်နေရေး အရေး (၃)ပါးလုံးတွင် အရေးပါနေသည်ကို အထင်အရှားတွေ့နိုင်ပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသည် ကမ္ဘာပေါ်တွင် သံမဏိထုတ်လုပ်မှု၏ (၅၀%) သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် (၁၆%)၊ စက်ပစ္စည်းများအတွက် (၁၄%)၊ သတ္တုထုတ်ကုန်များအတွက် (၁၄%)၊ မီးဖိုချောင်သုံးပစ္စည်းပရိဘောဂ၊ လျှပ်စစ်ပစ္စည်းများအတွက် (၆%) အသုံးပြုနေသည့်အတွက် သံမဏိသည် လူသားတို့ဘဝရှင်သန်တိုးတက်ရေးအတွက် အခြေခံအကျဆုံးပစ္စည်းအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ သံမဏိသည် (၁၀၀%) ပြန်လည်အသုံးပြုရသည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းဖြစ်ကြောင်း၊ သံမဏိသည် အခြားမည်သည့်သတ္တုနှင့်မျှ မတူညီသည့် ထူးခြားဆန်းပြားသော အရည်အသွေးများနှင့် ပြည့်စုံနေသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်တွင် သံမဏိလိုအပ်ချက်သည် ဆက်တိုက်မြင့်မားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ် သံမဏိတန်ချိန် (၃)သန်းခန့် အသုံးပြုနေကြောင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကသံမဏိစက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်ထုတ်လုပ်ပါက (၁)နှစ်လျှင် သံမဏိတန်ချိန် (၁)သန်းခန့်သာ ထုတ်လုပ်နိုင်ပြီး လိုအပ်သောသံမဏိတန်ချိန် (၂)သန်းခန့်အားပြည်ပမှ တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံတွင် သံနှင့်သံမဏိ ထုတ်လုပ်ရန် သံသတ္တုရိုင်းသိုက်နှင့် ကျောက်မီးသွေးများ အထိုက်အလျောက်ရှိ၍ သယံဇာတများနှင့်ကိုက်ညီသည့် နည်းပညာများကိုအသုံးချပြီး သံရိုင်းမှ သံမဏိအဖြစ်သို့လည်းကောင်း၊ သံတိုသံစများမှ အဆင့်မြင့်သံမဏိအဖြစ်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီကျော်လွန်အောင် ထုတ်လုပ်နိုင်ပါက ပြည်ပမှဝယ်ယူတင်သွင်းရမှုကို လျှော့ချနိုင်မည်ဖြစ်၍ နိုင်ငံခြားငွေအသုံးပြုရမှုမှ သက်သာစေမည်ဖြစ်သဖြင့် နိုင်ငံတော်၏ စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြု မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ သံမဏိထုတ်လုပ်ရာတွင် စံချိန်စံညွှန်းများပြည့်မီရန် လိုအပ်သလို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သံနှင့်သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်း(၁၂)ခုကိုလည်း သတ်မှတ်ရေးဆွဲထုတ်ပြန်ပြီးဖြစ်ကြောင်း၊ သံ၊ သံမဏိနှင့်ပတ်သက်၍ လိုအပ်သည့် စံချိန်စံညွှန်းများကိုလည်း ထပ်မံရေးဆွဲလျက်ရှိကြောင်း၊ သံမဏိထုတ်လုပ်ရာတွင် သံသတ္တုရိုင်းများကို သန့်စင်ကြိုချက်ရာမှ ထွက်ရှိလာသည့် ဓာတ်ငွေ့နှင့် စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိခိုက်မှုမရှိအောင် သံမဏိလုပ်ငန်းရှင်များအားလုံးမှ ပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများရှိ သံမဏိလုပ်ငန်းရှင်များသည် ရင်းနှီးမြှုပ်နှံမှု၏(၁၅%)ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် အသုံးပြုလျက်ရှိကြောင်း၊ စက်မှုလုပ်ငန်းများ အစဉ်ထာဝရရှင်သန်ရပ်တည်နိုင်ရေးနှင့် တိုးတက်ဖြစ်ထွန်းအောင်မြင်စေရေးတို့အတွက် တစ်ဦးကောင်း တစ်ဖွဲ့ကောင်း ဆောင်ရွက်ခြင်းမပြုဘဲ အမြော်အမြင်ကြီးစွာဖြင့် မိမိတို့၏ အရင်းအမြစ်အသီးသီးကို စုပေါင်းလျက် နိုင်ငံတကာနှင့်ရင်ဘောင်တန်း၍ သံနှင့်သံမဏိကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်ရေး နည်းပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်များအားလုံး ညီညီညွတ်ညွတ်ဖြင့် စုပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်းပြောကြားသည်။
    ဆက်လက်၍ တက်ရောက်လာသူများမှ မြန်မာနိုင်ငံတွင် သံနှင့်သံမဏိကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသီးသီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

Newspaper - 2750 items

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက် ၊ မေ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download