News

Latest News - 103789 items

Image
စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော အောင်ပွဲအလီလီရ ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

Ministry of Information / Posted on January 27, 2026

ပြည်သူများအား နှိပ်စက်ညှင်းပန်း၍ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ချွတ်ခြုံကျစေသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သော လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အောင်ပွဲအလီလီရယူနိုင်ခဲ့သော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် လင်းနိုင်စိုးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

Image
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်း တပ်မတော် (ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ် (၈၅)၊ တပ်မတော် (ရေ) အရာရှိငယ်(အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ် (၅၉) နှင့် တပ်မတော် (ရေ) အမျိုးသမီးအရာရှိငယ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပပြုလုပ်

Ministry of Information / Posted on January 27, 2026

တပ်မတော် (ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ် (၈၅)၊ တပ်မတော် (ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ် (၅၉) နှင့် တပ်မတော် (ရေ) အမျိုးသမီးအရာရှိငယ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

Image
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချေပချက်များအား ထောက်ခံဂုဏ်ပြုပွဲနှင့် ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချပွဲကျင်းပ

Ministry of Information / Posted on January 27, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချေပချက်များအား ထောက်ခံဂုဏ်ပြုပွဲနှင့် ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချသည့် အမျိုးသားရေးဆန္ဒထုတ်ဖော်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၊ ယာဉ်ရပ်နားကွင်း၌ ပြုလုပ်ရာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ပြည်သူများ၊ နိုင်ငံရေးပါတီများမှ ပါတီဝင်များ တက်ရောက်ကြသည်။

Image
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၂ ဦး မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်

Ministry of Information / Posted on January 27, 2026

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ - ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ခြောက်ဦး၊ တောင်အာဖရိကနိုင်ငံသား လေးဦး၊ နီပေါနိုင်ငံသား လေးဦး၊ ဘူရွန်ဒီနိုင်ငံသား နှစ်ဦး၊ ဆီလီရာလီယွန်နိုင်ငံသား တစ်ဦး၊ မာလဝီနိုင်ငံသား တစ် ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား တစ်ဦး၊ တန်ဇန်းနီးယားနိုင်ငံသား တစ်ဦး၊ ဇင်ဘာဘွေနိုင်ငံသား တစ်ဦးနှင့် တိုဂိုနိုင်ငံသား တစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၂၂ ဦးတို့အား မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။

Image
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

Ministry of Information / Posted on January 27, 2026

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

Image
ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on January 27, 2026

ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Image
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၆) ကျင်းပ

Ministry of Information / Posted on January 27, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသား ၂၇ ဦးအား ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့

Ministry of Home Affairs / Posted on January 27, 2026

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

Ministry of Home Affairs / Posted on January 27, 2026

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား...............................................

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက် ဒဏ်ရာရရှိ

Ministry of Home Affairs / Posted on January 27, 2026

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား..............................................