သတင်း

၈၅၅၆ နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် မကွေးတိုင်းဒေသကြီးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး ဆောက်လုပ်မည့်မြေနေရာ ကြည့်ရှုစစ်ဆေးပြီး မကွေးတိုင်းဒေသကြီးရှိ ဒေသခံ တိုင်းရင်းသား များနှင့်တွေ့ဆုံ

Posted on December 14, 2019

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မင်းကံကြီးရပ်ကွက်၊ အနော်ရထာလမ်းရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးဌာန ညွှန်ကြားရေးမှူရုံး တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိပြီး ရုံးအဆောက်အအုံ တည်ဆောက်နိုင်ရေးအတွက် မြေပြင်အခြေအနေကို ကြည့်ရှုစစ်ဆေးရာ မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီး ဦးလှထွန်းနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ပထမအကြိမ် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ

Posted on December 14, 2019

မတူကွဲပြားတန်ဖိုးထား ကြီးမြတ်ကြစို့ စိတ်နှလုံးသား ခေါင်းစဉ်ဖြင့် ပထမအကြိမ် ယုံကြည်မှု ပေါင်းစုံမှလူငယ်များ ငြိမ်းချမ်းရေးဖိုရမ် (ရန်ကုန်တိုင်းဒေသကြီး) ကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Summit Park View Hotel ၌ ကျင်းပသည်။

လျှပ်စစ်ကဏ္ဍ အပါအဝင် အမေရိကန်ဒေါ်လာ သန်း(၅၀)ကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများ အား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

Posted on December 14, 2019

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂၀/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့်အဖွဲ့ဝင်(၉)ဦး တက်ရောက် ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွန်ကရစ်လမ်းသစ်(၄)မိုင် ဖွင့်ပွဲအခမ်းအနားတက်ရောက်

Posted on December 14, 2019

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် ပြီးစီးခဲ့သော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု၊ ထီရီး - ထီရီးဗောင်း - ဗောင်းပြုံး ကွန်ကရစ်လမ်းသစ် (၄) မိုင် ဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါလမ်း၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကိုရီးယားသမ္မတနိုင်ငံ Ofe Co.,Ltd ဥက္ကဋ္ဌနှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့မှ Country Director တို့အား သီးခြားစီ တွေ့ဆုံ

Posted on December 14, 2019

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ကိုရီးယားသမ္မတနိုင်ငံ Ofe Co.,Ltd ဥက္ကဌ Mr. Young Cher Ham နှင့် အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဦးဟန်‌ဇော် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပေးအပ်သော အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

Posted on December 14, 2019

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ကြီးမှူးကျင်းပသည့် အသိအမှတ်ပြု လက်မှတ်များ ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီရုံး Function Hall ၌ ကျင်းပသည်။

ဒုတိယဝန်ကြီး ဦးသာဦးနှင့် ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့တွေ့ဆုံ

Posted on December 14, 2019

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးနှင့် ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Timur Masksimov သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့်တွေ့ဆုံ

Posted on December 14, 2019

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမနှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

အမှတ်(၂) သံမဏိစက်ရုံ စီမံကိန်း (ပင်းပက်) ပြန်လည်စတင်နိုင်ရေး အတွက် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

Posted on December 14, 2019

ရှမ်းပြည်နယ် ပင်းပက်ဒေသတွင် ရှရှားနိုင်ငံ၏ နည်းပညာအကူအညီဖြင့် အမှတ်(၂) သံမဏိစက်ရုံစီမံကိန်း (ပင်းပက်) ပြန်လည်စတင်နိုင်ရေး အတွက် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အထူးသတင်း