သတင်း

၅၈၄၅ နောက်ဆုံးရသတင်းများ

ပြည်ထောင်စု၀န်ကြီး ဦးအုန်း၀င်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး လုပ်ငန်းများကြည့်ရှုစစ်ဆေး

Posted on August 16, 2019

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မင်းဝံတောင်ဘေးမဲ့ ကာကွယ်တောအတွင်း တောင်ဖီလာ ကျောင်းတိုက်အနီး တောင်စောင်းများတစ်လျှောက် ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေးအတွက် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဉီးစီးဌာနမှ စမ်းသပ်စိုက်ပျိုးထားသည့် ဗာတီဗာမြက် စိုက်ခင်းအား ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မန္တလေးမြို့ရှိ ရုပ်သံဗျူရိုနှင့် ကိုယ်ပွားသတင်းစာတိုက် တို့ကို ကြည့်ရှုစစ်ဆေး

Posted on August 16, 2019

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနခွဲ (မန္တလေးဗျူရို) နှင့် ကိုယ်ပွားသတင်းစာတိုက် (မန္တလေး) တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

Posted on August 16, 2019

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အမှာစကား ပြောကြားသည်။

မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ ကင်းထောက်များနှင့် တွေ့ဆုံ

Posted on August 16, 2019

မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်သို့ ရောက်ရှိကြသည်။

စာဖတ်စွမ်းရည်မြှင့်တင်ရေးနှင့် စာကြည့်တိုက်အသုံးပြုမှုရင်းနှီးကျွမ်းဝင်စေရေး တို့အတွက် ကလေးစာကြည့်တိုက် လှုပ်ရှားမှုအစီအစဉ်များဆောင်ရွက်

Posted on August 16, 2019

စာဖတ်စွမ်းရည်မြှင့်တင်ရေးနှင့် စာကြည့်တိုက်အသုံးပြုမှုရင်းနှီးကျွမ်းဝင်စေရေးတို့ အတွက် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဉီးစီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးများ နှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းတို့ပူးပေါင်း၍ Child Fund Korea ၏ ကူညီ ထောက်ပံ့ပေးမှုဖြင့် "ကလေးစာကြည့်တိုက်လှုပ်ရှားမှုအစီအစဉ်"များကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)တွင် တစ်လလျှင် (၂)ကြိမ်နှုန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •