ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရုပ်ရှင်ဖလင်များ ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / February 05, 2023
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၄

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ကျင်းပသည့် ရုပ်ရှင်ဖလင်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်နေမှုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ရေရှည်ထိန်းသိမ်း

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက “မော်ကွန်းမှတ်တမ်းဖလင်များသည် မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ အသက်ဝိညာဉ်ဖြစ်သည်သာမက မြန်မာလူမျိုးတို့၏ ဘဝယဉ်ကျေး မှုသမိုင်းလည်းဖြစ်သည်” ဟူသော ဆောင်ပုဒ်နှင့်အညီ မြန်မာ့ရုပ်ရှင်ဖလင်များမှ မြန်မာနိုင်ငံ၏သမိုင်း၊ ယဉ်ကျေးမှုနှင့်ပုံရိပ်များအား ရေရှည်ထိန်းသိမ်းသွားရန်လိုအပ်ပါကြောင်း၊ ယခင်ကဆို လျှင် ဖလင်များအား မှိုသန့်စင်ခြင်းလုပ်ငန်း၊ ပျက်စီးပြတ်တောက်နေသောဖလင်များကို တိပ်ဖြင့်ဆက်၍ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကိုသာ ဆောင်ရွက်ခဲ့ရသော်လည်း ယခုအခါတွင် ဖလင်မှဒစ်ဂျစ်တယ်စနစ်ဖြင့် ရေရှည်ထိန်းသိမ်းထားနိုင်မည့်အခွင့် အရေးရရှိပြီဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အင်္ဂလန်နိုင်ငံထုတ် Film Cleaner နှင့် ဩစတြေးလျနိုင်ငံထုတ် Film Scanner စက်ပစ္စည်း နှစ်ခုကိုဝယ်ယူခဲ့ပါကြောင်း၊ အဆိုပါ စက်များမောင်းနှင်မှုနှင့် ထိန်းသိမ်းခြင်းသင်တန်းကိုလည်း ဝန်ထမ်းများအား အခြေခံပိုင်းအနေဖြင့်ပို့ချထားပါကြောင်း။

ယခုအခြေအနေအရ ဖလင်များအား ဆေးကြောသန့်စင်ခြင်း၊ Scan ဖတ်ခြင်း၊ အစွန်းအထင်းများသန့်စင်ခြင်း၊ Digital Format တစ်ခုခုဖြင့်ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း၊ နောက်ပိုင်းတွင် ဝန်ထမ်းများကို အဆင့်မြင့်သင်တန်းများပို့ချပြီး နိုင်ငံတကာတွင်ဆောင်ရွက်နေသည့် Digital Restoration လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလားတူတည်ဆောက်ရန် လျာထားသည့် နိုင်ငံတကာအဆင့်မီအမျိုးသားဖလင်မော်ကွန်းတိုက် (National Film Archive)တွင် မော်ကွန်း လုပ်ငန်းများကို တစ်စုတစ်စည်းတည်းဆောင်ရွက်ရန်ရှိပါကြောင်း ပြောကြားသည်။

ရှာဖွေထိန်းသိမ်း

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ရုပ်ရှင်ဖလင်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့်ဆောင်ရွက်နေသည့်အတွက် အားပေးပါကြောင်း၊ ရုပ်ရှင်ဖလင်များကို ဒစ်ဂျစ်တယ်စနစ်သို့ပြောင်းရာတွင် မိမိတို့အနေဖြင့်နောက်ကျနေသော်လည်း အချိန်ရှိသေးပါကြောင်း၊ ရှေးဟောင်းရုပ်ရှင်ဇာတ်ကားများသည် တန်ဖိုးရှိပါကြောင်း၊ မိမိတို့ရုပ်ရှင်အစည်းအရုံးအနေဖြင့်လည်း ဇာတ်ကားဟောင်းများကို ရှာဖွေထိန်းသိမ်းနေပါကြောင်း ဆွေးနွေးပြောကြားသည်။

အကြံပြုဆွေးနွေး

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများအား ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍​ ဆွေး​နွေးတင်ပြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများက ရုပ်ရှင်ဖလင်များဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့်အတူ ဗဟန်းမြို့နယ်ရှိ ဖလင်ပိဋကတ်တိုက်သို့ရောက်ရှိပြီး ရုပ်ရှင်ဖလင်များ ဒစ်ဂျစ်တယ်စနစ်ဖြင့်ထိန်းသိမ်းဆောင်ရွက်ထားရှိမှု၊ သတင်းရုပ်ရှင်ကားများ စနစ်တကျထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဧည့်ခန်းမ၌ မြန်မာ့စွယ်စုံကျမ်းအတွဲ(၂)ထုတ်ဝေရေးအတွက် ထွန်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့ဖွဲ့စည်းရေးတို့အတွက် စာပေပညာရှင်များနှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးသည်။

ကြည့်ရှု​​လေ့လာ

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗိုလ်အောင်ကျော်လမ်းရှိ ထွန်းဖောင်ဒေးရှင်းစာကြည့်တိုက်သို့သွားရောက်ပြီး စာအုပ်စာပေများငှားရမ်းဖတ်ရှုမှုအခြေအနေ၊ စာအုပ်များစနစ်တကျထားရှိမှုအခြေအနေများကို ကြည့်ရှု​​လေ့လာသည်။

ထွန်းဖောင်ဒေးရှင်းစာကြည့်တိုက်တွင် စာအုပ်အမျိုးအစားပေါင်း ၁၀၀ ကျော်ထားရှိထားပြီး နိုင်ငံခြားစာအုပ်ပေါင်းလေးသောင်းကျော်နှင့် မြန်မာစာအုပ်ပေါင်းရှစ်ထောင်ကျော်ထားရှိထားကာ စာပေလာရောက်ဖတ်ရှုသူများ စနစ်တကျဖတ်ရှုနိုင်ရန် စီစဉ်ထားရှိထားကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးသစ်ဖွင့်လှစ်မည့်အဆောက်အဦကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယမန်နေ့ညနေပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MRTV-HD မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်နေသည့် “ညီညွတ်ရေးသံစဉ်” တေးဂီ တဖျော်ဖြေပွဲပွဲစဉ်(၂)ကို ကြည့်ရှုအားပေးရာ မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင် ရသ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းမှ တေးသံရှင်များနှင့် တူယှဉ်နွှဲပျော်ဂီတပွဲတော်မှ တိုင်းရင်းသားတေးသံရှင်များဖြစ်ကြသည့် တျားရုအောင်၊ ဇော်မင်းဦး၊ လလဆွတ်၊ ထုံလှိုင်း၊ မြနန္ဒာ၊ ပပအောင်၊ ချိုသဲဦး၊ ဖွေးစုထွေးနှင့် မေဖြူခင်တို့က တိုင်းရင်းသားရိုးရာတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ပြန်လည်ထုတ်လွှင့်ပြသသွားမည်

အဆိုပါအစီအစဉ်ကို Friday Night Live Show အစီအစဉ် ဆန်းသစ်မှုအဖြစ်ဖျော်ဖြေတင်ဆက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ပြန်လည်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 2194 items

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်၊ ဧပြီ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်၊ ဧ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက်၊ မတ် ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

29-3-2023 Information Sheet (English)


Publisher: MOD/ March 30, 2023

Publication Date: 2023

Page: 16

Language: English

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက်၊ မတ် ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်၊ မတ် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ မတ် ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်၊ မတ် ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်၊ မတ် ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ မတ် ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download