ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ဩစတြီးယားနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးနှင့် The Hague Code of Conduct against Ballistic Missile Proliferation (HCOC)၏ ဥက္ကဋ္ဌ Ms. Kjersti Andersen နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

Ministry of Information/ ​နေပြည်တော် / January 16, 2020
image_latest

နေပြည်တော်  ဇန်နဝါရီ ၁၆

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် The Hague Code of Conduct against Ballistic Missile Proliferation (HCOC)၏ ဥက္ကဋ္ဌ ဩစတြီးယားနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Ms. Kjersti Andersen နှင့်အဖွဲ့အား ယနေ့ နံနက် (၁၀) နာရီခွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် တာဝေးပစ်ဒုံးကျည်များ မပြန့်ပွားရေးဆိုင်ရာ သည်ဟိဂ်ကျင့်ထုံးဥပဒေသို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေးကိစ္စနှင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ပြီးပါက လိုက်နာရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

Photos & Videos