News & Media
Latest News - 92491 items

Ministry of Transport and Communications / Posted on June 12, 2025
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

Ministry of Information / Posted on June 12, 2025
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ VDNH ပန်းခြံပြပွဲခန်းမ၌ ဇွန် ၁၀ ရက်မှ ၁၅ ရက်အထိ ကျင်းပသော (၅) ကြိမ်မြောက် မော်စကိုနိုင်ငံတကာခရီးသွားဖိုရမ်နှင့် ခရီးသွားပြပွဲသို့ တက်ရောက်ခဲ့သည်။

Ministry of Information / Posted on June 12, 2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ငွေတို့ဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းရရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်သမဝါယမဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ငွေတို့ဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် ပန်းတိုင်ရည်မှန်းချက်ရရှိစေရေး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုနှင့် သမဝါယမကဏ္ဍအနေဖြင့် နေပြည်တော်ရှိ မြို့နယ်ရှစ်မြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများသို့ တစ်ဧကလျှင် ကျပ် ၂ ဒသမ ၅ သိန်းနှင့်ညီမျှသော မျိုး၊ သွင်းအားစု တန်ဖိုးငွေကျပ် ၂၂၈၃ ဒသမ ၉၇၄ သန်းအား သမဝါယမအသင်း/ အသင်းသားတောင်သူများ၏ စိုက်ဧက ၉၁၃၅ ဒသမ ၈၉၆ ဧကအတွက် ပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

Ministry of Information / Posted on June 12, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် ကျောင်းသား ကျောင်းသူများနှင့် အောင်စိုးမိုး (၁) စစ်မှုထမ်းဟောင်းအိမ်ရာရှိ ကျောင်းသား ကျောင်းသူများအတွက် (ပထမအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

Ministry of Information / Posted on June 12, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

Ministry of Information / Posted on June 12, 2025
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် အရေးပေါ်အခြေအနေတုံ့ပြန်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ဟိုတယ်ဇုန်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။