News & Media

Latest News - 82116 items

စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

Ministry of Information / Posted on October 05, 2024

စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် လေးခုမှ တောင်သူများအား ချေးငွေကျပ် ၂၄၄၆ ဒသမ ၂၀ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းစတင်သည်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုနှင့် မြို့နယ် ၁၈၇ ခုတို့မှ တောင်သူ ၅၇၉၀ တို့ကို ချေးငွေကျပ် ၂၄၄၄၁၃ ဒသမ ၀၇၂ သန်း ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောကြားသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်၊ ပျက်စီးခဲ့သည့်သီးနှံများ ပြန်လည်စိုက်ပျိုးရန် အရင်းမပျောက်မတည်ငွေနှင့် စိုက်ပျိုးရေးသွင်းအားစုများအသုံးပြုနိုင်ရန် ထောက်ပံ့ငွေလှူဒါန်း

Ministry of Information / Posted on October 05, 2024

ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများပြန်လည်စိုက်ပျိုးရန် အရင်းမပျောက်မတည်ငွေနှင့် မျိုးစေ့ ၊ရွက်ဖျန်းမြေဩဇာနှင့် ပိုးသတ်ဆေးများ အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ငွေလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း

Ministry of Information / Posted on October 05, 2024

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Ministry of Information / Posted on October 05, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများ အဆင့်အတန်းရှိရှိ ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် အောင်မြင်မှုများ ရရှိနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ အားကစားနည်းများအလိုက် ကျင်းပခဲ့ပြီး ယနေ့တွင် ပြည်ထောင်စုဝန်ကြီးဖလား ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ ကျင်းပသည်။

တတိယအကြိမ်မြောက် အေစီဒီထိပ်သီးအစည်းအဝေးအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကာဂျစ်ဒုတိယဝန်ကြီးချုပ်၊ နီပေါနိုင်ငံခြားရေးဝန်ကြီးတို့နှင့် ဒိုဟာမြို့၌ သီးခြားစီတွေ့ဆုံ

Ministry of Information / Posted on October 05, 2024

တတိယအကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် ဒိုဟာမြို့၌ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အောက်တိုဘာ ၃ ရက်က ကာဂျစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ အီဒေးဘိုင်ဆလော့ဗ်နှင့်လည်းကောင်း၊ နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အာဇူရာနာဒူဘာနှင့်လည်းကောင်း ဒိုဟာမြို့ရှိ ရစ်ကာလ်တန်ဟိုတယ်၌ တွေ့ဆုံသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင် ဟင်္သာတမြို့ ဖောင်ဆိပ်ကျေးရွာအနီးရှိ တာတမံအခြေအနေနှင့် ကမ်းပြို၊ ကမ်းစားအခြေအနေများ ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on October 05, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်ကျေးရွာအနီးရှိ တာတမံအခြေအနေနှင့် ကမ်းပြိုကမ်းစားအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ အောက်တိုဘာ ၅ ရက်၊ စနေနေ့။


Posted on Oct 05, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ အောက်တိုဘာ ၄ ရက်၊ သောကြာနေ့။


Posted on Oct 04, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ အောက်တိုဘာ ၃ ရက်၊ ကြာသပတေးနေ့။


Posted on Oct 03, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ အောက်တိုဘာ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 02, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ အောက်တိုဘာ ၁ ရက်၊ အင်္ဂါနေ့။


Posted on Oct 01, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။


Posted on Sep 30, 2024
Announcements is temporarily unavailable.