News & Media
Latest News - 89059 items

Ministry of Information / Posted on March 20, 2025
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်) သို့ရောက်ရှိပြီး ပြတိုက်၌ ခင်းကျင်းပြသထားသော မြန်မာ့သမိုင်းကြောင်းပြခန်း၊ သဘာဝပေါက်ပင်နှင့် ဒေသတွင်း ကျေးငှက်တိရစ္ဆာန်ပြခန်း၊ မွန်ရိုးရာ ဓလေ့ထုံးစံများပြခန်း၊ လက်မှုအနုပညာလုပ်ငန်းများပြခန်း၊ မွန်စာပေပြခန်း၊ မွန်တူရိယာများပြခန်း၊ ဒေသတွင်း ထူးခြားထင်ရှားသူများပြခန်း စသည့်ပြခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on March 20, 2025
၂၀၂၅ ခုနှစ် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ချီးမြှင့်သည်။

Ministry of Transport and Communications / Posted on March 20, 2025
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

Ministry of Information / Posted on March 20, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1) ၌ ပြန်ကြားရေးဝန်ကြီး ဌာနကကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပမည့် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Beyond 2025: Challenges and Opportunities in the Multipolar World) အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Ministry of Information / Posted on March 20, 2025
အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Ministry of Information / Posted on March 20, 2025
ပြန်ကြားရေးဝန်ကြီးဌာနကကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank)က စီစဉ်ကျင်းပသည့် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Beyond 2025: Challenges and Opportunities in the Multipolar World) တက်ရောက်ရန် နိုင်ငံတကာမှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် လေ့လာသုံးသပ်သူများသည် ယနေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။