News & Media
Latest News - 103792 items
Ministry of Information / Posted on January 28, 2026
မိမိတို့၏အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်တွင် ကူးစက်မှုဖြစ်ပေါ်နေသည့် နီပါးရ်ဗိုင်းရပ်စ် (Nipah virus) နှင့်စပ်လျဉ်း၍ ခရီးသွားပြည်သူများ သတိပြုရန်အချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်တွင် အသိပေးချက်ထုတ်ပြန်ထားသည်။ အဆိုပါဗိုင်းရပ်စ်ဝင်ရောက်ကူးစက်မှု မဖြစ်ပွားလာစေရန် ထိုင်းနိုင်ငံက ၎င်း၏ နိုင်ငံတကာလေဆိပ်များတွင် အနောက်ဘင်္ဂလားမှလာသည့် ခရီးသည်များကို စစ်ဆေးမှုများပြုလုပ်နေပြီး နီပေါနိုင်ငံကလည်း ခတ္တမန္ဒူလေဆိပ်နှင့် အိန္ဒိယသို့ ဝင်ထွက်သွားလာသည့် နယ်စပ်ဂိတ်များတွင် စစ်ဆေးမှုများကို စတင်ပြုလုပ်နေပြီဖြစ်သည်။

Ministry of Natural Resources & Environmental Conservation / Posted on January 28, 2026
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၆-၁-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ သတ္တုကျိုချက်သန့်စင် စမ်းသပ်စက်ရုံသို့ သွားရောက် ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက အခြေခံကုန်ကြမ်းရရှိမှု၊ ကျိုချက်ရေးပစ္စည်းများနှင့် လုပ်ငန်းစဉ်များ၊ ထွက်ရှိလာသော ထုတ်ကုန်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သတ္တုကုန်ကြမ်းများမှ တန်ဖိုးမြှင့် ကုန်ချောထုတ်ကုန်များရရှိအောင် ပြည်တွင်း၌ စမ်းသပ် ထုတ်လုပ်နေမှုအား အထူးအားပေးပါကြောင်း၊
Ministry of Information / Posted on January 27, 2026
ပြည်သူများအား နှိပ်စက်ညှင်းပန်း၍ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ချွတ်ခြုံကျစေသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သော လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အောင်ပွဲအလီလီရယူနိုင်ခဲ့သော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် လင်းနိုင်စိုးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Ministry of Information / Posted on January 27, 2026
တပ်မတော် (ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ် (၈၅)၊ တပ်မတော် (ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ် (၅၉) နှင့် တပ်မတော် (ရေ) အမျိုးသမီးအရာရှိငယ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။
Ministry of Information / Posted on January 27, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရားအတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ သွားရောက်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချေပချက်များအား ထောက်ခံဂုဏ်ပြုပွဲနှင့် ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချသည့် အမျိုးသားရေးဆန္ဒထုတ်ဖော်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၊ ယာဉ်ရပ်နားကွင်း၌ ပြုလုပ်ရာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ပြည်သူများ၊ နိုင်ငံရေးပါတီများမှ ပါတီဝင်များ တက်ရောက်ကြသည်။