News
Latest News - 52719 items
Ministry of Information / Posted on February 05, 2023
ကယားပြည်နယ်အတွင်း KNPP အဖွဲ့နှင့် KNDF အမည်ခံအကြမ်းဖက်သမားများ၏ အုပ်ချုပ်ရေး အဆောက်အဦများ၊ ဘာသာရေးအဆောက်အဦများ၊ ဆေးရုံ၊ ကျောင်းများနှင့် လူနေအဆောက်အဦများအပေါ် လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်းစသော အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများအပေါ် မြို့နေပြည်သူများက ကျေနပ်မှုမရှိသဖြင့် ၎င်းတို့ အခြေပြုရာစခန်းကို သတင်းအတိအကျ ပေးပို့လာမှုအရ တပ်မတော်စစ်ကြောင်းများက လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများရယူ၍ အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှု( Counter - Terrorism Action) အပေါ် မီဒီယာကျင့်ဝတ်နှင့် မညီသောမီဒီညာ၊ မီဒီယာလိမ်များက သတင်းအမှားများဝါဒဖြန့်ချိလျက်ရှိကြောင်း တွေ့ရှိရသည်။

Ministry of Information / Posted on February 05, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ပြင်ဦးလွင်မြို့နယ် ပြင်စာအုပ်စု သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက်တွင်ပြုလုပ်သော အခွန်လွတ်သာသနာ့ဂရန် ဆက်ကပ်လှူဒါန်းပွဲသို့ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းကရောက်ရှိရာ အဆိုပါကျောင်းတိုက်မှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇဝနအား ဖူးမြော်ကြသည်။

Ministry of Information / Posted on February 05, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ကျင်းပသည့် ရုပ်ရှင်ဖလင်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်နေမှုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Ministry of Information / Posted on February 05, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Ministry of Information / Posted on February 05, 2023
၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ
Ministry of Information / Posted on February 05, 2023
နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ကြရသည်။ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုရှိပါမှ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရည်မှန်းချက်များနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများကို ချောမွေ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မျက်မှောက်ကာလတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ပါ “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့်အချက်ကို အကောင် အထည်ဖော်လျက်ရှိသည်။
Ministry of Information / Posted on February 05, 2023
နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်လာစေရေးမျှော်မှန်းကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ တည်နေရာအားဖြင့် အရှေ့ရိုးမနှင့် အလယ်ရိုးမကြားတွင်ရှိပြီး အကျယ်အဝန်းစတုရန်းမိုင် ၂၇၂၄ မိုင်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေတွင် စိုက်ပျိုး မြေဧရိယာဧကစုစုပေါင်း ၃၂၀၀၀၀ ကျော်ရှိနေသည်။ စစ်တောင်းမြစ်ဖျားပိုင်းဖြစ်သည့် ပေါင်းလောင်းမြစ်နှင့် ဆင်သေချောင်း၊ ငလိုက်ချောင်း အစရှိသည့် ချောင်း၊ မြောင်းများ၊ ရေဆင်းဆည်၊ ငလိုက်ဆည်၊ ဆင်သေဆည် စသည်တို့အပါအဝင် ရေလှောင်တမံ၊ ဆည်၊ ကန်များတည်ရှိနေရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့အတွက် လိုအပ်ချက်များပြည့်စုံသည်။

Ministry of Information / Posted on February 04, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၉၅၀ ဦးအား ၎င်းကျေးရွာရှိ သီရိမင်္ဂလာကျောင်းတိုက်၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

Ministry of Information / Posted on February 04, 2023
၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်ခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူအချို့က အပြုသဘောမဆောင်သော သတင်းများထုတ်ပြန်ခဲ့ကြသည်။ ၎င်းထုတ်ပြန်ပြောဆိုချက်များတွင် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ကျူးလွန်သူကို ထုတ်ဖော်ပြောကြားခြင်းမပြုဘဲ ရင်ဆိုင်ဖြေရှင်းနေသည့် အစိုးရအပေါ်အပြစ်တင်ကာ၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် NUG ၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ ၅ဝဝဝ ကျော် အသက်ဆုံးရှုံးရသည်ကို ဖုံးကွယ်ထားခြင်းကြောင့် အများပြည်သူကို အထင်အမြင်လွဲမှားစေသည်။