ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၅ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပသွားမည်
နောက်ဆုံးရသတင်းများ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 25, 2025
EAEU ၏အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ မင့်စ်မြို့၌ ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 25, 2025
နိုင်ငံတော်အစိုးရအနေဖြင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ပြစ်မှုကျူးလွန်ခြင်းမရှိသော ဒေသအသီးသီးမှ PDF သင်တန်းဆင်း ၁၉ ဦးတို့သည် လက်နက်/ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြပြီး ၎င်းတို့အား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 25, 2025
ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 " ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။
ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၅ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပသွားမည်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / June 25, 2025
၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ - ၂၀၂၅ (တက္ကသိုလ်အဆင့်)ကို Online မှတစ်ဆင့် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများအနေဖြင့် မိမိတို့၏ ဗီဒီယိုဖိုင်များအား ပြိုင်ပွဲဝင် လျှောက်လွှာများနှင့်အတူ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်လျှောက်လွှာနှင့် ပြိုင်ပွဲဆိုင်ရာအချက်အလက်များကို အောက်တွင် Download ရယူနိုင်ပါသည်-
၂။ ယခုပြိုင်ပွဲအား ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာများ တိုးတက်လာစေရန်၊ ကျောင်းသားများအနေဖြင့် လက်ရှိဒစ်ဂျစ်တယ်နည်းပညာနှင့်ပတ်သက်၍ ဝေဖန်ပိုင်းခြားတွေးခေါ်မှု တိုးတက်လာစေရေး တွန်းအားပေးရန်၊ ကျောင်းသားများ၏ အရည်အသွေးနှင့် အရည်အချင်းများကို ပြသရန်၊ တက္ကသိုလ်များ၊ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအား မြှင့်တင်နိုင်စေရန်နှင့် ပြိုင်ပွဲတွင် ပထမဆုရရှိသော Video ဖိုင်အား ဘရူနိုင်းနိုင်ငံ၊ Cyber Security Brunei က Online မှတစ်ဆင့် တာဝန်ယူ ကျင်းပပြုလုပ်မည့် ASEAN-JAPAN Cybersecurity Awareness Video Competition (2025) ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။
၃။ ချီးမြှင့်မည့်ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပထမဆု - ငွေကျပ် (၁၅) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။
(ခ) ဒုတိယဆု - ငွေကျပ် (၁၀) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။
(ဂ) တတိယဆု - ငွေကျပ် (၇) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။
(ဃ) နှစ်သိမ့်ဆု - ငွေကျပ် (၃) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။
(င) နှစ်သိမ့်ဆု - ငွေကျပ် (၃) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။
၄။ ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ - ၂၀၂၅ (တက္ကသိုလ်အဆင့်)တွင် ပထမဆု ရရှိသော ဗီဒီယိုဖိုင်အား ASEAN-JAPAN Cybersecurity Awareness Video Competition (2025) သို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။
၅။ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် မိမိတို့ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် ဗီဒီယိုဖိုင်များအား competitions@ncsc.gov.mm အီးမေးလ်သို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ ၁၆း၀၀ နာရီ နောက်ဆုံးထား၍ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် - ၀၉-၄၂၄၀၀၀၉၅၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Download