မှတ်ပုံတင်လုပ်ငန်းများကြီးကြပ်စိစစ်ရေးအဖွဲ့အစည်းအဝေးပြုလုပ်


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / January 09, 2026
image_latest


နေပြည်တော်၊ ဇန်နဝါရီ ၈

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မှတ်ပုံတင်လုပ်ငန်းများကြီးကြပ်စိစစ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၂၅-၂၀၂၆) ကို ၈.၁.၂၀၂၆ နေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

         အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က လမ်းညွှန်အမှာစကားပြောကြားပြီး စီမံကိန်းဌာနခွဲ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးတင်ပြလာသော မှတ်ပုံတင်လုပ်ငန်း (၄၈) စောင်ကို စိစစ်တင်ပြ၍ ညွှန်ကြားရေးမှူးချုပ်က ခွင့်ပြုပေးခဲ့ပါသည်။

         အဆိုပါ အစည်းအဝေးသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 09, 2026
image_latest


ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023