နောက်ဆုံးရသတင်းများ

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on February 10, 2026

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

နေ့စဉ်မြစ်ရေခန့်မှန်းချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on February 10, 2026

နေ့စဉ်မြစ်ရေခန့်မှန်းချက်

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန / Posted on January 09, 2026

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၂၆) ရက်နေ့တွင် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁၇)လုံးအတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၁,၇၀၀,ဝဝဝိ/-)၊ အိမ်ထောင်စု (၁၇)စုမှ လူဦးရေ(၆၈)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၄၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၀၄၀,၀၀ဝိ/-)နှင့် တန်ဖိုးငွေ (၂,၄၄၃,၉၈၆/-)ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (စက္ကူပုံး) ပါ (၁၇)ပုံးအား (၈-၁-၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၁:၀၀) နာရီအချိန်တွင် မြောင်းမြမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြောင်းမြမြို့နယ်ကြက်ခြေနီအသင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန တို့နှင့်အတူ မြောင်းမြမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမတွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ခဲ့ပါသည်။ Source: DDM

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 10, 2026
image_latest


အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် OWIC ကတ်ပြုလုပ်ခွင့်ရရှိကြောင်း ကြေညာခြင်းခံရသည့် အလုပ်သမားများအနေဖြင့် ၁-၃-၂၀၂၆ ရက်နေ့မှစ၍ OWIC ကတ်ဖိုး ကျပ် ၅၆၀၀/- နှင့် ပျောက်ဆုံး/ ပျက်စီးပါက ဒဏ်ကြေးအဖြစ် ကျပ် ၂၂၄၀၀/- ကို မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ ငွေစာရင်းအမှတ် OA-013904 သို့ အလုပ်သမားကိုယ်တိုင် ငွေလွှဲလျှောက်လွှာဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။

OWIC ကတ်ဖိုးငွေများအား OA-013904 သို့ ပေးသွင်းပြီးပါက ငွေပေးသွင်းခဲ့သည့် ငွေလွှဲလျှောက်လွှာ (မူရင်း) နှင့်အတူ မိတ္တူ (၁) စောင်အားယူဆောင်၍ OWIC ပြုလုပ်ရမည့်နေ့ရက်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ) OWIC ထုတ်ပေးရေးစင်တာသို့ လာရောက်ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ငွေစာရင်းအမှတ် မှားယွင်းပေးသွင်းခြင်း၊ ငွေလွှဲလျှောက်လွှာ မမှန်ကန်ခြင်း၊ ငွေလွှဲလျှောက်လွှာ (မူရင်း) ပြသနိုင်မှုမရှိခြင်းတို့ဖြစ်ပေါ်ပါက OWIC ကတ်ထုတ်ပေးမည်မဟုတ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023