ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
နောက်ဆုံးရသတင်းများ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 12, 2025
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 12, 2025
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ရှိ ပြည်ထောင်စုခန်းမ၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 12, 2025
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် တာ့ခ်မင်နစ္စတန်နိုင်ငံ အက်ရှ်ဂါဘတ်မြို့ရှိ တာ့ခ်မင်နစ္စတန်ကွန်ဂရက်စင်တာ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော တက်ရောက်မိန့်ခွန်းပြောကြားသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 12, 2025
(၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်)
၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် လိုက်နာဆောင်ရွက်ရန်အချက်များကို(၁)စုံလျှင် ကျပ် ၁၀,၀၀၀/-နှုန်းဖြင့် (၁၅-၁၂-၂၀၂၅) ရက်နေ့မှ (၁၃-၁-၂၀၂၆) ရက်နေ့အထိ နံနက် (၀၉:၃၀) နာရီမှ (၁၆:၃၀) နာရီအထိ ရုံးချိန်အတွင်း ရုံးအမှတ် (၇) ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါများကို (၁၄-၁-၂၀၂၆) ရက်နေ့ (၁၆:၃၀) နာရီတွင် နောက်ဆုံးထား၍ ရုံးအမှတ်(၇)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ တင်ဒါအဖွဲ့ဝင်များရှေ့မှောက်တွင် လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။ (သတ်မှတ်ချိန်ထက်ကျော်လွန်သောတင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။)
၄။ အိတ်ဖွင့်တင်ဒါပုံစံ၊ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် ရုံးသုံးစက်ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါလိပ်စာတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
ရုံးအမှတ် (၇) ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်
ဖုန်း ၊ ၀၆၇-၃၄၁၂၃၂၈ ၊ ၀၆၇- ၃၄၁၂၃၂၇၊ ၀၆၇- ၃၄၁၂၄၅၆
