မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၃/ ၂၀၂၅)
နောက်ဆုံးရသတင်းများ
ပြည်ထဲရေးဝန်ကြီးဌာန / Posted on October 14, 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်း၊ အဖိုးတန်ပစ္စည်းများ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်များ၊.....................................
ပြည်ထဲရေးဝန်ကြီးဌာန / Posted on October 14, 2025
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား.........................................
ပြည်ထဲရေးဝန်ကြီးဌာန / Posted on October 14, 2025
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား....................................
သတင်းစာများ

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၃/ ၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်/ Yangon / October 15, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ကို ပြည်တွင်းနှင့် နိုင်ငံတကာ အသိသက်သေများရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့သည်မှာ ယနေ့တွင် (၁၀) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု စသည်တို့ကို အခြေခံကာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် ပါဝင်သင့်သူအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး လုပ်ငန်း စဉ်ကို အကောင်အထည်ဖော်နိုင်ရန် ဦးတည်ဆောင်ရွက်သည်ကို တွေ့ရှိရပါသည်။
ယင်းဦးတည်ချက်နှင့်အညီ ၂၀၂၅ ခုနှစ်အတွင်း နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ၊ အလွှာ အသီးသီးမှ ပုဂ္ဂိုလ်များပါဝင်သည့် ငြိမ်းချမ်းရေး စကားဝိုင်းနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။ ယင်းဆောင်ရွက်ချက်များသည် စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးကို တည် ဆောက်ရာတွင် များစွာအထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ပါသည်။ ငြိမ်းချမ်းရေးရရှိမှသာ တရားဥပဒေစိုးမိုးရေး ဖြစ်ထွန်းလာပြီး လူ့အခွင့်အရေးများ ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
ကုလသမဂ္ဂပဋိညာဉ်စာချုပ်၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများတွင် ငြိမ်းချမ်းရေး ပျက် ပြားစေတတ်သည့် အရေးကိစ္စရပ်များကို ပြေလည်ကျေအေးအောင် ဆောင်ရွက်ရာ၌ တရားမျှတမှု အခြေခံမူများ၊ အပြည်ပြည်ဆိုင်ရာ တရားဥပဒေများနှင့်အညီ ငြိမ်းချမ်းသော နည်းလမ်းများ ကျင့်သုံး ရန် ချမှတ်ထားပါသည်။ ထို့အတူ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂ ၌ လူတိုင်းကို မည်သည့်အကြောင်းကြောင့်မျှ ခွဲခြားမှုမပြုဘဲ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ရရှိစေရန် ဖော်ပြ ထားသကဲ့သို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ အခြေခံမူ များတွင်လည်း ဤပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားအားလုံးကို လူမျိုးရေး၊ ဘာသာ ရေး၊ ယဉ်ကျေးမှုနှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲ တန်းတူရည်တူ အခွင့် အရေး ရရှိစေရန်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ယင်းအခွင့်အရေးများကို အပြည့်အဝရရှိခံစားနိုင်ရန်နှင့် တရားမျှတမှုနှင့် လူ့အခွင့်အရေး အပေါ် အခြေခံသော ဒီမိုကရေစီဖက်ဒရယ်စနစ် ဖော်ဆောင်ရာတွင် နိုင်ငံတွင်းပစ်ခတ်တိုက်ခိုက်မှု များ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းမှုရရှိရန် အားလုံးက ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါ သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များသည် နိုင်ငံတွင်းပစ်ခတ်တိုက်ခိုက်မှုများရပ်စဲစေရေးအတွက်သာမက ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်များ၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေး (Right to Development) အတွက် ကြီးမားစွာ အထောက်အပံ့ ဖြစ်စေပါသည်။
နိုင်ငံတွင်းမှီတင်းနေထိုင်ကြသူများအားလုံး၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံအေးချမ်းသောနိုင်ငံတော် ဖြစ်ပေါ်လာစေရေးကြိုးပမ်းသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုပါကြောင်းနှင့် ဆက်စပ်ကျင်းပမည့် ဆွေးနွေးပွဲများကို ကြိုဆိုပါကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်