သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / February 10, 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့၊ နေ့လယ်(၂)နာရီတွင် ဥတ္တရဆောင်သီရေတာ၌ ပြည်ထောင်စုနေ့သည် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု၊ ကိုယ့်မြေကိုယ့်ရေကို မြတ်နိုးတွယ်တာမှုဟူသည့် ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေပြု၍ ဖြစ်ပေါ်လာသည်ကို သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို “ပြည်ထောင်စုနေ့နှင့်မျိုးချစ်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ(၄၉)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadမြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 10, 2026
နေပြည်တော် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် ချီးမြှင့်အပ်နှင်းခဲ့ကြောင်းသိရှိရပါသဖြင့် မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းအနေဖြင့် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။
အဆိုပါဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ကို ချီးမြှင့်အပ်နှင်းခံရခြင်းသည် နိုင်ငံတော်မှ ကြုံတွေ့နေရသော စိန်ခေါ်မှုများအား ကြံ့ကြံ့ခံတွန်းလှန်ဖြေရှင်း၍ ခေါင်းဆောင်မှုပေးနိုင်လျက်ရှိသည်ကို ထင်ဟပ်ဖော်ပြသော အမှတ်လက္ခဏာပင်ဖြစ်ကြောင်း ထူးကဲထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအနေဖြင့် ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းစွာဖြင့် နိုင်ငံတော်၏ တာဝန်များကို ဆတက်ထမ်းပိုး၍ အောင်မြင်စွာဆက်လက်ထမ်းဆောင်နိုင်ပါစေရန် မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းမှ ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။
မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်း
