နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် Naypyitaw State Polytechnic University တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲဖြေဆိုနေမှု သွားရောက်ကြည့်ရှုအားပေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 04, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ Naypyitaw State Polytechnic University တွင် အင်အားပြင်း မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ရပ်နားခဲ့ရသည့် တက္ကသိုလ်များ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်းများဖြစ်ကြသည့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်တို့၏ အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်း၊ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာသင်တန်းတို့၏ ပထမနှစ်ဝက်စာမေးပွဲ ဆက်လက်ဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူများကို သွားရောက်ကြည့်ရှုအားပေးကြသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 04, 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများကို ဇွန် ၂ ရက်မှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများက အေးချမ်း ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ကျောင်းများ စတင်ဖွင့်လှစ်ပြီး ဒုတိယရက်ဖြစ်သော ယနေ့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၀၃၁၀၁၂ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ငလျင်ဒဏ်ခံစားခဲ့ရသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဝန်ထမ်းများအတွက် မြတ်ဖောင်ဒေးရှင်းအဖွဲ့နှင့် ရုပ်ရှင်၊ တေးဂီတ၊ အနုပညာရှင်များက အလှူငွေများ လှူဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 04, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးသည် ယနေ့ နံနက်ပိုင်းတွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် ကော်မရှင်ရုံးဝန်ထမ်းများ လတ်တလောနေထိုင်ရေး အဆင်ပြေစေရန် ရုံးဝင်းအတွင်းရှိ ကားရပ်နားရန် နေရာနှင့် ထမင်းစားဆောင်ရှိ ယာယီအခန်းငယ်များ၌ နေရာချထားမှုအခြေအနေနှင့် ရုံးဝင်းအတွင်းရှိ မြေလွတ်၊ မြေရိုင်းများကို စနစ်တကျပြုပြင်၍ တည်ဆောက်လျက်ရှိသည့် ဘာရှာအဆောက်အအုံနှင့် ရေ၊ မီး၊ မိလ္လာ၊ Modular House ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / June 02, 2025


၁။           ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) အသင်းဝင် ကုမ္ပဏီများအနေဖြင့် တောင်သူများအဓိကသုံးစွဲလျက်ရှိသော အောက်ပါမြေဩဇာများကို ပူးတွဲပါ ဈေးနှုန်းများအတိုင်း ရန်ကုန်အထိုင်ဈေးနှုန်းအဖြစ် ၁-၆-၂၀၂၅ မှ ၃၀-၆-၂၀၂၅ ရက်ထိ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါသည် -

(က)

ယူရီးယား(အလုံးကြီး)

၅၀ ကီလိုတစ်အိတ်

၉၅,၀၀၀ ကျပ်

( ခ)

Rock Phosphate အခြေခံ                  ၁၅ ပတ်လည်

၅၀ ကီလိုတစ်အိတ်

၁၂၄,၀၀၀ ကျပ်

( ဂ)

Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည်

၅၀ ကီလိုတစ်အိတ်

၁၃၅,၀၀၀ ကျပ်

 ၂။           အထက်ပါဈေးနှုန်းများသည် ရန်ကုန်အထိုင်ဈေးနှုန်းများဖြစ်သဖြင့် ဒေသအလိုက် သယ်ယူ ပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်ငွေများအပေါ်တွင် မူတည်၍ ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ပါသည်။

၃။           ရည်ညွှန်းဈေးများကို သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ် ပါသည်။

၄။           အောက်ပါဖုန်းနံပါတ်များသို့ စုံစမ်းဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်-

              (က)  ဦးဆောင်ကော်မတီ            ၀၆၇-၄၁၀၀၃၂

              ( ခ)   MFSPEA အသင်း               ၀၉-၉၈၈၅၃၉၃၆၀

 

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ

Download

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023