နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ် တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 20, 2025

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည်ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)ရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကိုရီးယား-မြန်မာ ပူးပေါင်းရိုက်ကူးထုတ်လုပ်မည့် လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲနှင့် အားကစားအစီအစဉ်တို့အတွက် သရုပ်ဆောင်ရွေးချယ်ပွဲဆက်လက်ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 20, 2025

ကိုရီးယား-မြန်မာ ပူးပေါင်း ရိုက်ကူးထုတ်လုပ်မည့် လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲနှင့် အားကစားအစီအစဉ် (All PASS DRAMA & Sports Game) တို့ အတွက်သရုပ်ဆောင်ရွေးချယ်ပွဲ (Audition) ကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ရုပ်မြင်သံကြားတွင် ယနေ့နံနက်ပိုင်းနှင့်မွန်းလွဲ ပိုင်းက နှစ်ကြိမ်ခွဲ၍ ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံမှ အသက် (၁၈) နှစ်မှ (၃၀) နှစ် အကြား ရွှေကြို အနုပညာရှင်သရုပ်ဆောင်များ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ စိတ်ပါဝင်စားသူလူငယ်များပါဝင်ယှဉ်ပြိုင်ကြသည်။

ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမနိုင်ငံများ၏ ပို့ကုန်/သွင်းကုန် အစားအစာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဆိုင်ရာ ညီလာခံ တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 20, 2025

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့၌ အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများအကြားအစားအစာနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ကုန်သွယ်မှုကဏ္ဍတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် “Deepen Cooperation Mechanism, Promote Agrifood Trade”ခေါင်းစဉ်ဖြင့် ကျင်းပသည့် ညီလာခံသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀) ၊ ပုံစံ (၁၀ - က) နှင့် ပုံစံ (၁၀-ခ) များ ကပ်ထားကြေညာမည့်နေ့ရက် အသိပေးကြေညာခြင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 19, 2025
image_latest


၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်

၁။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင် ၈ - ၉ - ၂၀၂၅ ရက်နေ့မှ ၂၂ - ၉ - ၂၀၂၅ ရက်နေ့အထိ အမည်စာရင်းတင်သွင်းလွှာများကို တင်သွင်း ခဲ့ကြပြီးဖြစ်ပါသည်။

၂။ အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက ၂၃ - ၉- ၂၀၂၅ ရက်နေ့မှ ၄ - ၁၀ - ၂၀၂၅ ရက်နေ့အထိ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်၍ စိစစ်လက်ခံအတည်ပြုထားသော သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀)၊ ပုံစံ (၁၀-က) နှင့် ပုံစံ (၁၀-ခ) များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၁၉-၁၀-၂၀၂၅ ရက်နေ့၌ တစ်ပြိုင်တည်း ကပ်ထားကြေညာမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023