နောက်ဆုံးရသတင်းများ

မြဝတီမြို့၌ လူမှုကွန်ရက်အသုံးပြုကာ လိုင်စင်မဲ့မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on November 26, 2025

လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးလိုသူများက ၎င်းတို့ပြစ်မှုကျူးလွန်ရာတွင် သဲလွန်စမကျန်ရှိစေရေး လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား အသုံးပြုကျူးလွန်ဖျောက်ဖျက်ခြင်းများ၊ ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်နှင့်အညီ နိုင်ငံအနှံ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ တွင်ကျယ်စွာအသုံးပြုလာကြသကဲ့သို့ လိုင်စင်မဲ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များကို တရားမဝင် အရောင်းအဝယ်ပြုလုပ်လာကြသည့်အပြင် လူမှုကွန်ရက်စာမျက်နှာများ အသုံးပြု၍လည်း အရောင်းအဝယ်ပြုလုပ်ခြင်းများ ဆောင်ရွက်လာကြသည်ကို စိစစ်တွေ့ရှိရပါသည်။ ထိုသို့ လိုင်စင်မဲ့မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ တရားမဝင် ရောင်းဝယ်အသုံးပြုခြင်းများအား တာဝန်ရှိသူများက စိစစ်ဖော်ထုတ်ဖမ်းဆီးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ငပုတောမြို့သို့ ရောက်ရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on November 26, 2025

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကျုံကူးကျေးရွာမှ ပြန်လည်ထွက်ခွာ၍ ငပုတောမြို့သို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on November 26, 2025

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေ ယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာ၊ ဗြဟ္မဝိဟာရကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၇၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ကျောင်းအပ်လက်ခံမည့်ရက်နှင့် ကျောင်းစတင်ဖွင့်လှစ်မည့်ရက် ထုတ်ပြန်ကြေညာ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / November 19, 2025


နေပြည်တော် နိုဝင်ဘာ ၁၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (၂၀၂၅ ခုနှစ်အောင်) (ပထမနှစ်ဝက်) သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်းများကို (၁၇-၁၁-၂၀၂၅) ရက် (တနင်္လာနေ့)မှစ၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅) ရက် (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023