နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရီးသွားမော်တော်ယာဉ် နှစ်စီးအား အကြမ်းဖက်လုယက်ယူဆောင်

ပြည်ထဲရေးဝန်ကြီးဌာန / Posted on October 14, 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်း၊ အဖိုးတန်ပစ္စည်းများ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်များ၊.....................................

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ပြည်ထဲရေးဝန်ကြီးဌာန / Posted on October 14, 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား.........................................

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ပြည်ထဲရေးဝန်ကြီးဌာန / Posted on October 14, 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား....................................

သတင်းစာများ

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / October 13, 2025


၁။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့၊ Master of Development Studies (MDevS) နှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပညာမဟာဘွဲ့၊ Master of Financial Management (MFM)    တို့၏ First Batch သင်တန်းများကို Online ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။
၂။  အဆိုပါမဟာဘွဲ့သင်တန်းများအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
  (က)   အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။
  (ခ)    တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခုတက်ရောက်နေသူ မဖြစ်စေရ။
  (ဂ)    ဝန်ထမ်းဖြစ်ပါက သင်တန်းသို့တက်ရောက်ခွင့်ပြုကြောင်း သက်ဆိုင်ရာဌာနအကြီးအကဲ၏
           ထောက်ခံစာ ပါရမည်။
  (ဃ)   သတ်မှတ်ထားသော သင်ရိုးနှင့်အညီ အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ရမည်။
  (င)    Online သင်တန်းဖြစ်သည့်အတွက် လိုအပ်သော နည်းပညာများ ကောင်းစွာအသုံးပြုနိုင်သူ
          ဖြစ်ရမည်။
  (စ)    သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)က ကျင်းပသည့် ဝင်ခွင့်စာမေးပွဲကို   
          ဖြေဆိုအောင်မြင်ရမည်။
မှတ်ချက်။  သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်၌ အနည်းဆုံး လုပ်သက်(၃)နှစ်ရှိပြီး အရည်အသွေးပြည့်မီသူများကို ဦးစားပေးရွေးချယ်သွားမည်။
၃။   သင်တန်းနှင့် သက်ဆိုင်သော လျှောက်လွှာပုံစံများကို မိမိလျှောက်ထားလိုသည့် သင်တန်း၏ Online မှဖြစ်စေ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာနမှ လူကိုယ်တိုင်ဖြစ်စေ ၁၅.၁၀.၂၀၂၅ ရက်မှ စတင်၍ ထုတ်ယူနိုင်ပြီး (၁၆.၁၁.၂၀၂၅) ရက် နောက်ဆုံး ထား၍ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသည့်အခါ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပြည့်စုံစွာပါရှိရမည်-
     (က)  ဘွဲ့လက်မှတ် (သို့) ယာယီဘွဲ့ထောက်ခံစာ 
     (ခ)   တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် 
     (ဂ)   နိုင်ငံသားစိစစ်ရေးကတ်
    (ဃ)   ပညာအရည်အချင်း ထောက်ခံချက်နှင့်လုပ်ငန်းအတွေ့အကြုံ လုပ်ဆောင်ချက်
     (င)   ပတ်(စ်)ပို့ ဓာတ်ပုံ (၄) ပုံ
     မှတ်ချက်။  ပူးတွဲပါစာရွက်စာတမ်းများသည် မူရင်းကို Scan ဖတ်ထားသော မိတ္တူများဖြစ်ပြီး Email (သို့မဟုတ်) Viber ဖြင့် ပေးပို့ရမည်။
၄။  ဝင်ခွင့်ရေးဖြေစာမေးပွဲကို ၂၂.၁၁.၂၀၂၅ရက် (စနေနေ့)တွင် နံနက် ၉ နာရီမှ ၁၂ နာရီ အထိ Online မှ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့အချိန်စာရင်းကို ၂၇.၁၁.၂၀၂၅ ရက် တွင် ထုတ်ပြန်ပါမည်။
၅။   သင်တန်းများကို အပတ်စဉ်စနေနေ့နှင့် တနင်္ဂနွေနေ့၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂)နှစ်ဖြစ်ပါသည်။
၆။   ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် Email အီးမေးလ်များ- 
      (က)   MDevS သင်တန်းအတွက် ဘောဂဗေဒဌာန၊ ဖုန်း-၀၇၂-၂၀၂၃၀၂၂၊ ၀၉-၇၇၈၁၈၆၇၄၈၊ Email– ecodeptucms@gmail.com
               သင်တန်းရေးရာဌာန၊ ဖုန်း- ၀၉-၄၃၀၄၅၁၇၃၊ ၀၇၂-၂၀၂၃၁၀၅၊ 
               Email- ucmsexam22@gmail.com
      (ခ)    MFM သင်တန်းအတွက် ဝါဏိဇ္ဇဗေဒဌာန၊ ဖုန်း-၀၉-၇၇၅၄၈၀၅၃၇၊ ၀၉-၆၈၃၀၅၉၅၉၅၊ Email- commercedepartment23.ucms@gmail.com
               သင်တန်းရေးရာဌာန၊ ဖုန်း- ၀၉-၄၃၀၄၅၁၇၃၊ ၀၇၂-၂၀၂၃၁၀၅၊ 
               Email- ucmsexam22@gmail.com
၇။  အသေးစိတ်သိရှိလိုပါက http://studyonline.ucms.edu.mm/ နှင့် Facebook Page: University of Co-operative and Management, Sagaing တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
၈။   သင်တန်းသားဦးရေ ကန့်သတ်ထားရှိပါသည်။

ဌာနမှူး၊ သင်တန်းရေးရာဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023