အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
နောက်ဆုံးရသတင်းများ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on April 06, 2026
နေ့စဉ်မြစ်ရေခန့်မှန်းချက်
ပြည်ထဲရေးဝန်ကြီးဌာန / Posted on April 06, 2026
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့...................................................
ပြည်ထဲရေးဝန်ကြီးဌာန / Posted on April 06, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၅ ရက် နံနက် ၈ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ထမ္မနိုင်ကျေးရွာ၌ သောက်သုံးရေ လိုအပ်လျက်ရှိသော အိမ်ထောင်စုများထံသို့ ကော့မှူးမြို့နယ်မီးသတ်စခန်းမှ...........................................................
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadအကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 06, 2026
အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။
အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် အပြည်ပြည်ဆိုင်ရာလေကြောင်းများမှတစ်ဆင့် တင်သွင်း/ တင်ပို့မည့်ကုန်ပစ္စည်းများအား မဟာသင်္ကြန်ရုံးပိတ်ရက်ဖြစ်သော (၁၁-၄-၂၀၂၆)၊ (၁၃-၄-၂၀၂၆)၊ (၁၄-၄-၂၀၂၆) နှင့် (၁၅-၄-၂၀၂၆) ရက်နေ့တို့တွင် ရုံးချိန်ပြည့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ထို့ပြင် နိုင်ငံတော်လိုအပ်ချက်အရ အရေးတကြီးတင်သွင်းလာသောပစ္စည်းများ ထုတ်ယူနိုင်ရေးအတွက် ကြိုတင်လျှောက်ထားပါက တင်သွင်း/တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
အချိန်ပို (Overtime) ဆောင်ရွက်လိုသော ကုမ္ပဏီများအနေဖြင့် တင်သွင်း/တင်ပို့လိုသောကုန်ပစ္စည်းများနှင့် ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်ခွန်နှင့်ပတ်သက်သော Deposit ငွေလုံလောက်စွာ ထားရှိသွားရန်နှင့် အချိန်ပိုလုပ်ငန်းဆောင်ရွက်လိုမှုအား (၁၀-၄-၂၀၂၆) ရက်နေ့၊ (၁၄:၀၀) အချိန်ထက်နောက်မကျဘဲ အကောက်ခွန်ဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ပါသည်။
Asia World ဆိပ်ကမ်းတွင် အကောက်ခွန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာနှစ်ဆန်း (၁) ရက်နေ့မှအပ ကျန်ရုံးပိတ်ရက်များတွင် ပို့ကုန်ကုန်သေတ္တာများ စစ်ဆေးတင်ပို့မှုအား အချိန်ပို (Overtime) ဆောင်ရွက်ပေးရန် လျှောက်ထားလာပါက အဆိုင်း(၃)ဆိုင်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
လက်ရှိလုပ်ငန်းဆောင်ရွက်လျက်ရှိသော နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးတို့တွင် သင်္ကြန်ကာလအတွင်း ပိတ်ရက်မရှိ လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ကုန်ပစ္စည်းများတင်သွင်း/တင်ပို့ရာတွင် အခက်အခဲများရှိပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်-
(က) ညွှန်ကြားရေးမှူး (ထုတ်/သွင်း) - ၀၉-၂၅၀၂၅၄၂၀၈
(ခ) ညွှန်ကြားရေးမှူး (ကာကွယ်ရေး) - ၀၉-၅၀၆၆၅၆၉
(ဂ) ဒုတိယညွှန်ကြားရေးမှူး (ထုတ်ကုန်) - ၀၉-၇၈၅၀၅၅၄၅၆
(ဃ) ဒုတိယညွှန်ကြားရေးမှူး (သွင်းကုန်) - ၀၉-၇၈၅၄၁၄၄၃၃
(င) ဒုတိယညွှန်ကြားရေးမှူး (ကာကွယ်ရေး) - ၀၉-၄၄၅၁၇၉၆၉၈
(စ) ဒုတိယညွှန်ကြားရေးမှူး (လေဆိပ်) - ၀၉-၅၄၀၈၉၅၇
အကောက်ခွန်ဦးစီးဌာန
