အိတ်ဖွင့်တင်ဒါပိတ်ရက်ပြင်ဆင်ချက်
နောက်ဆုံးရသတင်းများ


ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 06, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 06, 2025
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးအပ်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသားရှစ်ဦးနှင့် ကွန်ဂိုနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ကိုးဦးတို့အား ယနေ့တွင် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
အိတ်ဖွင့်တင်ဒါပိတ်ရက်ပြင်ဆင်ချက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / June 04, 2025

မြန်မာ့မီးရထားမှ ခေါ်ယူခဲ့သော တင်ဒါအမှတ် - ၉၁/မမ/ပတ/CME(MIT) (25-26) လေအိတ်ဘိုဂီ လူစီးတွဲ(၄)တွဲ၊ တွဲအတွင်းပိုင်းပြင်ဆင်ခြင်းလုပ်ငန်းအတွက် လိုအပ်သောပစ္စည်း(၁၉၁)မျိုး၏ တင်ဒါ ပိတ်ရက်အား လုပ်ငန်းလိုအပ်ချက်အရ(၃၀.၆.၂၀၂၅)အစား (၁၆.၆.၂၀၂၅)ရက်နေ့အဖြစ် ပြင်ဆင် သတ်မှတ်ပါသည်။
တင်ဒါပိတ်မည့်နေ့/အချိန် - ( ၁၆ . ၆ . ၂၀၂၅ )နေ့လည် ( ၂:၃၀ )နာရီ
ထောက်ပံ့ဌာန၊ မြန်မာ့မီးရထား၊ ကုန်သည်လမ်းနှင့် ၅၁လမ်းထိပ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း 294352, 291994