ဉာဏ်ရည်တုနည်းပညာနှီးနှောဖလှယ်ပွဲ စတုတ္ထနေ့အဖြစ် လျိုကျိုးမြို့ရှိ ဉာဏ်ရည်တုနည်းပညာသုံး ဝူလင်း EV စက်ရုံနှင့် ဟူကွေ့ခရုခေါက်ဆွဲစက်ရုံတို့တွင် လေ့လာ နေပြည်တော် ဒီဇင်ဘာ ၅ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း
ဉာဏ်ရည်တုနည်းပညာနှီးနှောဖလှယ်ပွဲ စတုတ္ထနေ့အဖြစ် လျိုကျိုးမြို့ရှိ ဉာဏ်ရည်တုနည်းပညာသုံး ဝူလင်း EV စက်ရုံနှင့် ဟူကွေ့ခရုခေါက်ဆွဲစက်ရုံတို့တွင် လေ့လာ နေပြည်တော် ဒီဇင်ဘာ ၅
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / December 06, 2025
နေပြည်တော် ဒီဇင်ဘာ ၅
လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့်နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီနှင့် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေး လုပ်ငန်းကော်မတီတို့၏ဥက္ကဋ္ဌဖြစ်သူ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဉာဏ်ရည်တု နည်းပညာနှီးနှောဖလှယ်ပွဲ စတုတ္ထနေ့ လေ့လာရေး အစီအစဥ်အရ ယမန်နေ့ နံနက်ပိုင်းတွင် လျိုကျိုးမြို့တွင် ဆက်လက် ကွင်းဆင်းလေ့လာကြသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နံနက် ၉း၀၀ နာရီ၌ SAIC-GM-Wuling ကုမ္ပဏီသို့ ရောက်ရှိရာ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုကြပြီး မော်တော်ယာဉ်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ၁၉၆၈ ခုနှစ်၌ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီး ဒီဇယ်သုံးထွန်စက်များကို ထုတ်လုပ်ခဲ့ရာမှ နှစ်အလိုက်ယာဥ်နှင့် စက်ပစ္စည်း ကိရိယာများထုတ်လုပ်ခဲ့ပြီး ယာဥ်များကို ဒီဇိုင်းများဆန်းသစ်ကာ ထုတ်လုပ်ရေးလုပ်ငန်းများချဲ့ထွင်လာပုံများ၊ ၂၀၁၇ ခုနှစ်တွင် Ziuzhou Model EV ကို စတင်ထုတ်လုပ်ပြီး မြို့ခံပြည်သူများ စီးနင်းအသုံးပြုရာတွင် အဆင်ပြေမှု အခြေအနေကို သိရှိနိုင်ရန်အတွက် အစီးရေ နှစ်ထောင်ကို အခမဲ့ ဖြန့်ဝေပေးပြီး အသုံးပြုစေပြီး ၄င်းတို့၏ လိုလားချက်များနှင့် ကိုက်ညီအောင် နည်းပညာနှင့် ဒီဇိုင်းတို့ကို ပြန်လည်ပြုပြင်မွမ်းမံ၍ ထုတ်လုပ်ရောင်းချခဲ့ကြောင်း၊
၂၀၂၀ ခုနှစ်၌ မီနီ EV ကို စတင်ထုတ်လုပ်ခဲ့ပြီး အစီးရေ ၁၇၀,၀၀၀ ကျော် ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး အဆိုပါနှစ် နှောင်းပိုင်းတွင် EV များ ပိုမို ထုတ်လုပ်ရောင်းချနိုင်ပါကြောင်း၊ အရည်အသွေးများ ပိုမိုထိန်းသိမ်းနိုင်ရေးအတွက် သုတေသနဌာနတစ်ခု ထူထောင်ထားရှိပြီး ထိပ်တန်းတက္ကသိုလ် ၈ ခုနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် လျက်ရှိကာ မူပိုင်ခွင့် ၈၆၇၃ ခု ရရှိထားပါကြောင်း၊ သုတေသနပြုလုပ်ပြီး တပ်ဆင်သည့် Magic Battery 3.0 ရှိပြီး ယင်းကို တပ်ဆင်အသုံးပြုသူ ၃ သန်းကျော် ရှိပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ထုတ်လုပ်ရေး စက်ရုံအတွင်း၌ ဆန်းသစ်တီထွင်ထားသည့် ဉာဏ်ရည်တုနည်းပညာသုံး ကျွန်းပုံစံလမ်းကြောင်းတွင် ရွေ့လျားသွားလာနေသည့် အဆင့်မြင့်စက်ရုပ်များဖြင့် ထုတ်လုပ်သည့်စနစ် (Intelligent Island Manufacturing System) ဖြင့် EV များကို ၁၀မိနစ်တစ်စီးနှုန်းဖြင့် အလိုအလျောက် ထုတ်လုပ်နေပုံများကို လိုက်လံရှင်းလင်းပြသရာ ဒုတိယဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီး သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ ပညာရှင်များ ပျိုးထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဉာဏ်ရည်တုနည်းပညာသုံး ခရုခေါက်ဆွဲထုတ်လုပ်သော ဟူကွေ့ (Hu-Gui)အစားအသောက်ကုမ္ပဏီသို့ ရောက်ရှိလာရာ မန်နေဂျာ Ms Wei Qiuling နှင့် တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုကြပြီး ရှင်းလင်းတင်ပြရာ- ၁၉၈၀ ခုနှစ်၌ ခရုခေါက်ဆွဲကို စတင်ထုတ်လုပ်ခဲ့ပြီး မိမိတို့ခေါက်ဆွဲသည် နိုင်ငံတော်အဆင့် အကောင်းဆုံးခေါက်ဆွဲများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံတော်အဆင့်စံပြကုမ္ပဏီအဖြစ် ၂၀၂၁ ခုနှစ်၌ ဂုဏ်ပြုသတ်မှတ်ခံရကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ထုတ်လုပ်ရေးလုပ်ငန်းခွင်အတွင်း လိုက်လံ ရှင်းလင်းပြသခဲ့ရာ အလုပ်ရုံအတွင်း ဖုန်အမှိုက်သရိုက် ကင်းရှင်းအောင် Cleanliness Level ကို ၁၀၀၀၀၀ အထိ ထားရှိပြီး အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှုလုပ်ငန်းစဥ် (Hazard Analysis & Critical Control Point)နှင့် နိုင်ငံတကာစံချိန်စံညွှန်းများအတိုင်း ထုတ်လုပ်ထားကြောင်း၊ ဉာဏ်ရည်တုနည်းပညာသုံး အဆင့်မြင့် မီးဖိုများကို သုံးစွဲထားရာ ခေါက်ဆွဲထုတ်အလိုက် ထည့်သွင်းပေါင်းစပ်သည့် အသားနှင့် အရသာအမျိုးမျိုးတို့အတွက် လိုအပ်သလို ပြောင်းလဲထုတ်လုပ်နိုင်ကြောင်း၊ AGV (Automated Guided Vehicle) Robot များကို အသုံးပြုထားရာ သယ်ယူပို့ဆောင်ရေး ၈၀ ရာခိုင်နှုန်းကျော် မြှင့်တင်နိုင်ကြောင်း၊ တစ်နာရီအတွင်း အနှစ်ထုတ် ၅ သိန်းကျော် ထုတ်လုပ် နိုင်ကြောင်း၊ စက်ရုံတွင်း၌ သုတေသနဓာတ်ခွဲခန်းများ တည်ထောင်ထားရှိပြီး ကွမ်ရှီး သိပ္ပံနှင့် နည်းပညာတက္ကသိုလ် အပါအဝင် သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထုတ်ကုန်များ၏ စံအရည်အသွေးကို စဥ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်နိုင်ပြီး တစ်နိုင်ငံလုံးသို့
ပြည်တွင်းစားသောက်ရေးဖူလုံမှုကို အဓိကထားဖြန့်ဖြူးပေးပြီး e-commerce အဖြစ်လည်း ကြိုတင်မှာယူရောင်းချ ရခြင်းများလည်းရှိရာ တစ်ရက်လျှင် ယွမ် ၈ သန်းကျော်၊ တစ်လလျှင် အနည်းဆုံး ယွမ်သန်း ၉၀ ခန့်နှင့် ယခုနှစ် အတွင်း ယွမ်သန်း ၁၄၀၀ ကျော်ခန့် ရောင်းချရသည့် လုပ်ငန်းဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံ၌ နိုင်ငံတော်မှ ချမှတ်ထားသော အမျိုးသားရေးဦးတည်ချက်အတိုင်း အလေးထားဆောင်ရွက်လျက် ရှိသည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး လုပ်ငန်းစဥ်များနှင့်လည်း တူညီပါကြောင်းပြောကြားခဲ့ပြီး ဉာဏ်ရည်တုနည်းပညာအသုံးပြုမှုနှင့် စံအရည်အသွေးနှင့်အညီထုတ်လုပ်ရေးလုပ်ငန်း ဆိုင်ရာ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadအွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 10, 2025
