နောက်ဆုံးရသတင်းများ

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ ကွင်းဆင်းကြည့်ရှု

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 01, 2025

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇွန် ၂၈ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု)ရှိ ဓာတ်အားခွဲရုံ၊ ကုန်ထုတ်ဌာန၊ စတီးအနားကွပ်ဌာန၊ စတီးအရောင်တင်ဌာနတို့ ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

စွမ်းအင်ဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 01, 2025

စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်သဇင်လမ်း (တော်ဝင်သီရိလမ်းနှင့် မြတ်မင်္ဂလာလမ်းကြား) လမ်းဘေး ဝဲယာ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရန် ရုရှားဘာသာစကား (အခြေခံ)သင်တန်းဖွင့်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 01, 2025

ရုရှားနိုင်ငံသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်ရည်ရွယ်၍ ရုရှားဘာသာစကား (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / June 30, 2025


   မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန်နှင့် လူငယ်များ ဆိုက်ဘာလုံခြုံရေးနယ်ပယ်ကို စိတ်ဝင်စားမှု မြင့်မားလာစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကာ Myanmar Cyber Security Challenge ပြိုင်ပွဲအား ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလျက် ရှိပါသည်။ ယခုနှစ်အတွက် Myanmar Cyber Security Challenge 2025 (အလွတ်တန်း အဆင့်) ပြိုင်ပွဲကို ၃၀-၈-၂၀၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၂ ၌ ကျင်းပသွားမည်ဖြစ်ပါသည်။

   ပြိုင်ပွဲတွင် အသင်းပေါင်း ၂၅ သင်း ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ ပြိုင်ပွဲဝင် အသင်း ၂၅ သင်းကျော်လွန်ပါက လက်ရည်စစ်ပွဲအား ၉-၈-၂၀၂၅ ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် ၂၅ သင်းသာ နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ပါသည်။ ပြိုင်ပွဲတွင် Web Security Reverse EngineeringBinary ExploitForensics နှင့် Cryptography ဆိုင်ရာ ပုစ္ဆာများကို ဖြေဆိုရမည်ဖြစ်ပါသည်။

   ပြိုင်ပွဲဝင်လျှောက်လွှာများကို ၃၀-၇-၂၀၂၅ ရက်နေ့ထက် နောက်မကျစေဘဲ ctf@ncsc.gov.mm သို့ အီးမေးလ်ဖြင့် ပေးပို့ရမည်ဖြစ်ပါသည်။ ပြိုင်ပွဲအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၀၉၄၂၄၀၀၀၉၅၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

­­Download  ပြိုင်ပွဲဆိုင်ရာအချက်အလက်များ

Download  ပြိုင်ပွဲဝင်လျှောက်လွှာပုံစံ

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023