ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း
နောက်ဆုံးရသတင်းများ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 12, 2026
တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုး၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်ဒေသများ၌ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter - Terrorism Operation) များကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်၍ မြို့ရွာများအား အဆင့်ဆင့်ပြန်လည်သိမ်းပိုက်ပြီး ပြည်သူလူထုအတွက် အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများအနက် တစ်ခုဖြစ်သော မန္တလေး - မတ္တရာ - သပိတ်ကျင်း - တကောင်း - ထီးချိုင့် - ကသာ - အင်းတော် - မော်လူး - နန့်စီးအောင် - မိုးညှင်း - မိုးကောင်း - မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ကို မေ ၆ ရက်တွင် အပြည့်အဝထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on May 12, 2026
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု နှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on May 12, 2026
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု နှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု
သတင်းစာများ
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန/ location / May 12, 2026
ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
တင်သွင်းရန် နှိုးဆော်ခြင်း
၁။ ဝင်ငွေနှစ်၊ ရောင်းရငွေ/ ရငွေ ရရှိသောနှစ်။ ကြေညာလွှာပြုစုတင်သွင်းရမည့် ဝင်ငွေနှစ်၊ ရောင်းရငွေ၊ ရငွေ ရရှိသောနှစ် (စာရင်းပြုစုရမည့် ကာလ) သတ်မှတ်ချက်မှာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ဖြစ်ပါသည်။
၂။ ကြေညာလွှာလက်ခံမည့်ရုံးများ။ လက်ရှိအခွန်ထမ်းဖြစ်ပါက ဆိုင်ရာအခွန်စည်းကြပ်မှုခံယူ နေသောရုံးတွင် တင်သွင်းရန်ဖြစ်ပါသည်။ အခွန်ထမ်းမဖြစ်သေးသည့် ကုမ္ပဏီအသစ်ဖြစ်ပါက ပထမဦးစွာ ပြည်တွင်းအခွန်များဦးစီးဌာန၏ Website Home Page ရှိ အခွန်ထမ်းမှတ်ပုံတင်ရန် (e-Registration Button) မှ ဝင်ရောက်၍ အီလက်ထရောနစ်နည်းဖြင့် အခွန်ထမ်းမှတ်ပုံတင် ရမည်ဖြစ်ပါသည်။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) လျှောက်ထားရရှိပြီးပါက အီလက် ထရောနစ်အခွန်ကြေညာလွှာတင်သွင်းမှုစနစ်နှင့် အီလက်ထရောနစ်အခွန်ပေးဆောင်မှုစနစ်များ ကိုပါ ဆက်စပ်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အခွန်ထမ်းသစ်တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်ပါက ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် တင်သွင်းရမည်ဖြစ်ပါသည်။
၃။ တင်သွင်းနိုင်သည့်နည်းလမ်း။ အောက်ပါနည်းလမ်း(၃)မျိုးဖြင့် တင်သွင်းနိုင်ပါသည် -
(က) လူကိုယ်တိုင်ပေးပို့တင်သွင်းခြင်း။ လူကိုယ်တိုင်ပေးပို့ခြင်းဖြစ်ပါက လက်ခံဖြတ်ပိုင်းတွင် ဦးစီးဌာနက တံဆိပ်ရိုက်နှိပ်ဖော်ပြသည့်နေ့တွင် တင်သွင်းသည်ဟု မှတ်ယူမည်ဖြစ်ပါ သည်။
(ခ) စာတိုက်မှ ပေးပို့တင်သွင်းခြင်း။ စာတိုက်မှပေးပို့ခြင်းဖြစ်ပါက ပေးပို့သည့် စာတိုက် တံဆိပ်ပါရက်စွဲတွင် တင်သွင်းသည်ဟု မှတ်ယူမည်ဖြစ်ပါသည်။
(ဂ) အီလက်ထရောနစ်နည်းဖြင့်ပေးပို့တင်သွင်းခြင်း။ အီလက်ထရောနစ်နည်းဖြင့် ပေးပို့ ခြင်းဖြစ်ပါက ဦးစီးဌာနက အီလက်ထရောနစ်နည်းဖြင့် လက်ခံရရှိသည့်နေ့တွင် တင်သွင်း သည်ဟု မှတ်ယူမည်ဖြစ်ပါသည်။ ယင်းနေ့သည် အများပြည်သူ ရုံးပိတ်ရက်တွင် ကျရောက်လျှင် ယင်းနေ့နှင့်နောက်တစ်ဆက်တည်းဖြစ်သော အများပြည်သူရုံးဖွင့်ရက် တွင် လက်ခံရရှိသည်ဟု မှတ်ယူမည်ဖြစ်ပါသည်။ အီလက်ထရောနစ်နည်းဖြင့်တင်သွင်း ခြင်းဆိုသည်မှာ အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းမှုစနစ် (e-Filing Management System)ကိုအသုံးပြု၍ ကြေညာလွှာတင်သွင်းခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းမှုစနစ် အသုံးပြု နိုင်ရန်အတွက် Account Registration ပြုလုပ်ပုံနှင့် စနစ်အသုံးပြု၍ ကြေညာလွှာ တင်သွင်းပုံ အဆင့်ဆင့် ဗွီဒီယိုဖိုင် (User Guide Video Files)များကို ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ဝက်ဘ်ဆိုဒ်ဖြစ်သည့် www.ird.gov.mm တွင် လေ့လာနိုင်ပါသည်။
(မှတ်ချက်။ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးများနှင့် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံးများ၏ အခွန်ထမ်းများအနေဖြင့် အီလက်ထ ရောနစ်နည်းဖြင့်သာ ကြေညာလွှာတင်သွင်းကြရန် ဖြစ်ပါသည်။)
၄။ ကြေညာလွှာဖြည့်စွက်ခြင်း။ အောက်ပါအတိုင်းလိုက်နာရန် လိုအပ်ပါသည် -
(က) ပြည်တွင်းအခွန်များဦးစီးဌာနမှ သတ်မှတ်ထားသည့် သက်ဆိုင်ရာပုံစံများကို အသုံးပြုရ မည်ဖြစ်ပါသည်။ (သတ်မှတ်ကြေညာလွှာပုံစံများကို www.ird.gov.mm တွင်လည်းကောင်း၊ သက်ဆိုင်ရာအခွန်ရုံးများထံတွင်လည်းကောင်း ရယူနိုင်ပါသည်
(ခ) အခွန်ထမ်းသည် အခွန်ကြေညာလွှာများ၏ မှန်ကန်တိကျမှုနှင့် ပြည့်စုံမှုကို တာဝန်ခံ ရမည်ဖြစ်ပါသဖြင့် သတ်မှတ်ကြေညာလွှာပုံစံများကို ပြည့်စုံစွာ ဖြည့်စွက်ရန် လိုအပ်ပါသည်။
(ဂ) ကြေညာလွှာပုံစံတွင် အခွန်ထမ်းကိုယ်တိုင် လက်မှတ်ရေးထိုးတင်သွင်းရမည် ဖြစ်ပါသည်။ အခွန်ကြေညာလွှာ သို့မဟုတ် အခွန်ကြေညာလွှာ၏ တစ်စိတ်တစ်ပိုင်းကို အခကြေးငွေ ရယူ၍ ပြင်ဆင်ပေးခြင်းဖြစ်ပါက ပြင်ဆင်ပေးသည့် ပုဂ္ဂိုလ်ကလည်း ကြေညာလွှာတွင် ပူးတွဲလက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။
(ဃ) အခွန်ထမ်းကုမ္ပဏီအသစ်များအနေဖြင့် အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာ တင်သွင်းမှုစနစ်အား အသုံးပြု၍ အခွန်ကြေညာလွှာတင်သွင်းရာ၌ အခွန်ထမ်း၏ လက်မှတ်မှတ်တမ်း(မူရင်း)ကို သက်ဆိုင်ရာအခွန်ရုံးထံ သင့်ရာနည်းဖြင့် မပျက်မကွက် ကြိုတင်ပေးပို့ရန် လိုအပ်ပါသည်။
၅။ တင်သွင်းရမည့်နောက်ဆုံးရက်။ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ (အင်္ဂါနေ့) ဖြစ်ပါသည်။
၆။ ဒဏ်ကြေးငွေ။ အခွန်ကြေညာလွှာများကို အချိန်မီတင်သွင်းရန်ပျက်ကွက်ပါက အောက်ပါ ဒဏ်ကြေးငွေနှစ်ရပ်အနက်မှ များရာဒဏ်ကြေးငွေကို ပေးဆောင်ရမည် ဖြစ်ပါသည် -
(က) ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်းအပြင် တင်သွင်းရန် သတ်မှတ်ထား သည့်နေ့မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုပြုလုပ်သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက်ပျက်ကွက်နေသည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏ အစိတ်အပိုင်းအတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁ ရာခိုင်နှုန်း၊
(ခ) ငွေကျပ်တစ်သိန်း။
၇။ အခွန်ထမ်း၏ အခွင့်အရေး။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလ အတွင်း ကြေညာလွှာကို အချိန်မီတင်သွင်းရန် အခက်အခဲရှိပါက အခွန်ကြေညာလွှာတင်သွင်း ရမည့်သတ်မှတ်ရက်ကို တိုးမြှင့်ပေးရန် သက်ဆိုင်ရာအခွန်ရုံးသို့ ကြိုတင်လျှောက်ထားနိုင် ပါသည်။
၈။ စုံစမ်းရန်။ မရှင်းလင်းသည့် အချက်များကို သက်ဆိုင်ရာအခွန်ရုံးများသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပြီး အခြားလိုအပ်ချက်များရှိပါက အောက်ဖော်ပြပါ ဝန်ဆောင်မှုရုံးများကိုလည်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည် -
(က) အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး
အမှတ်၊ ၁၂၈/၁၃၂၊ ဒုတိယထပ်နှင့် တတိယထပ်၊
ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်-၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂
(ခ) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(နေပြည်တော်)
ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ နေပြည်တော်။
ဖုန်းနံပါတ်-၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၄၄
(ဂ) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး)
၆၅ လမ်း ၊ ၂၂ x ၂၃ လမ်းကြား၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေး။
ဖုန်းနံပါတ်-၀၂-၄၀၃၀၁၉၂၊ ၀၂-၄၀၃၀၆၃၇၊ ၀၂-၄၀၃၀၆၃၈၊ ၀၂-၄၀၃၀၆၃၉
ပြည်တွင်းအခွန်များဦးစီးဌာန
