ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / June 11, 2026


ဘားအံ - ဇွန် (၁၁)

ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှု များအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေး ဘားအံစက်မှုဇုန်အနောက်ဘက် မိဇံကျေးရွာနှင့်စက်မှုဇုန်ကြားရှိ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်စွန့်ပစ်ရန် မြေ(၂၅)ဧက လျာထားနေရာအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူ က ဘားအံမြို့၏တစ်ရက် တန်(၈၀)ခန့် ထွက်ရှိသည့် စွန့်ပစ်အမှိုက်များအား နှစ်(၃၀)ခန့်စွန့်ပစ်နိုင်မည့် မိဇံရွာသွားလမ်းဘေး အမှိုက်စွန့်ပစ်မည့် လျှိုနေရာအား လမ်းအူကြောင်းဖောက်လုပ်မှု၊ လျှိုအောက်ခြေတွင် Leachate Collection Drain ထားရှိ၍ အနိမ့်ဆုံးနေရာတွင် Leachate Pond တည်ဆောက်မည့်အစီအစဉ်၊ အမှိုက်စွန့်ပစ်ခြင်းကို ဇုန် ၁ မှ ဇုန် ၆ ထိ အစဉ် လိုက်စွန့်ပစ်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ အမှိုက်များအမြန်ဆုံးစွန့်ပစ်အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံစက်မှုဇုန်အနောက်ဘက်ရှိ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ စိုက်ပျိုးရေးနည်းပညာဥယျာဉ်ရှိ ဒူးရင်း၊ သရက်၊ ကျွဲကော၊ ပိန္နဲ၊ မာလကာ၊ သံပရာ၊ သင်္ဘော၊ နနွင်း၊ ဂျင်း၊ နာနတ်၊ ပိန်းဥ၊ ကန်ဇွန်းဥ၊ ဝဥ စိုက်ခင်း စိုက်ဘောင်များနှင့် ပရဆေးသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေ၊ စပါးခွံဖွဲပြာရုံမှ Biochar စပါးခွံမီးသွေးပြုလုပ်ပုံများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးထွန်းမြင့်နှင့် တာဝန်ရှိ သူများက မြေဧရိယာ ၄၀ ဧကခန့်ကျယ်ဝန်းသော စိုက်ပျိုးရေးနည်းပညာ ဥယျာဉ် အတွင်း ဈေးကွက်ဝင်သီးနှံများနှင့် ပရဆေးသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဈေးကွက်ဝင် သီးနှံများနှင့် ဆေးဘက်ဝင်ပရဆေးသီးနှံများအား ခေတ်မီစက်ကိရိယာ၊ နည်းပညာများဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်၍ ဈေးကွက်သို့ ကျယ်ပြန့်စွာတင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးနည်းပညာဥယျာဉ်ရှိ ဝဥနှင့်အခြားသီးနှံအခြောက်ခံ စက်၊ သီးနှံအပြားလှီးစက်၊ ကြိတ်ခွဲစက်၊ ထုတ်ပိုးစက်များ၊ သီးနှံများတန်ဖိုးမြှင့်ထုတ်လုပ်ခန်းမှ အခြောက်ခံခန်း၊ အမှုန့်ကြိတ်ခန်း၊ ကြိတ်ခွဲထုတ်ပိုးခန်းနှင့် အရည်အသွေးစစ်ဆေးခန်း(ဓါတ်ခွဲခန်း)တို့ကို ကြည့်ရှုစစ်ဆေးပြီး ယခုကဲ့သို့ခေတ်မီ စက်ကိရိယာများ၊ ဓာတ်ခွဲခန်းများကိုအသုံးပြု၍ နေ့စဉ်ပုံမှန်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည် များကို တွက်ချက်တင်ပြရန်၊ ကရင်ပြည်နယ်အတွင်းမှ ဈေးကွက်ဝင်သီးနှံများနှင့်ဆေးဘက်ဝင်ပရဆေးသီးနှံများကို တိုးချဲ့စိုက်ပျိုး၍ တန်ဖိုးမြှင့်ထုတ်လုပ်ကာ ပြည်တွင်း၊ပြည်ပ ဈေးကွက်များသို့တင်ပို့ရောင်းချနိုင်ရေး တွန်းအားပေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံစက်မှုဇုန်အနီးရှိ လျှိုပိတ်တမံများတွင် ရေပိုမို သိုလှောင်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်မျိုးလှိုင်က လျှိုပိတ်တမံများ၏ ရေသိုလှောင်နိုင်သည့်ပမာဏ၊ တမံကြံ့ခိုင်မှုနှင့် မိုးနှောင်းကာလတွင် လျှိုပိတ်တမံ (၁)၊ (၂)၊ (၃)၊ (၄)များရှိ ရေပိုလွှဲများကို သဲအိတ်ချ၍ ရေပိုမိုသိုလှောင်နိုင်ရေး ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား၍ လျှိုပိတ်တမံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့နှင့်ပျိုးပင်အရောင်းဆိုင်အား ကြည့်ရှု စစ်ဆေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးထွန်းမြင့်က ဈေးကွက်ဝင်သီးနှံပျိုးပင်များ၊ မျိုးစေ့များ၊ မြေဩဇာများကို ပြင်ပပေါက်ဈေးထက်သက်သာသောနှုန်းထားများဖြင့် အများပြည်သူသို့ ရောင်းချပေးနေမှုအခြေအနေ များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးနည်းပညာဥယျာဉ်ရှိ ပျိုးပင်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်၍ ယခုအရောင်းဆိုင်တွင်တင်သွင်းရောင်းချရန် မှာကြား၍ စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ မိသားစု တစ်ပိုင်တစ်နိုင် ဆယ်မျိုး ဆယ်ဘောင် ဟင်းသီးဟင်းရွက်စိုက်ခင်းမျာအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။

သတင်းစာများ

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက် ၊ ဇွန် ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 08, 2026

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on June 08, 2026

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 04, 2026

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

ဗီဒီယိုများ