ကရင်ပြည်နယ်အစိုးရအဖွဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းလုပ်ငန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကျင်းပ
ကရင်ပြည်နယ်အစိုးရအဖွဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းလုပ်ငန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကျင်းပ
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / March 11, 2026
ဘားအံ - မတ် (၁၁)
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မကြာမီပေါ်ပေါက်လာမည့်အစိုးရသစ်ကို လုပ်ငန်းများစနစ်တကျ လွှဲပြောင်းအပ်နှံနိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းများကို ပြီးပြတ်အောင်ဆောင်ရွက်ဖို့လိုပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ကုန်ထိ တည်ဆောက်ရေးလုပ်ငန်း၊ စက်ပစ္စည်းနှင့်အခြားလုပ်ငန်းတို့တွင် ပြီးစီးမှု ၉၄ ဒဿမ ၈ ရာခိုင်နှုန်း၊ ငွေကြေးသုံးစွဲမှု အနေဖြင့် ပြုပြင်ပြီးရန်ပုံငွေအပေါ် ၈၇ ရာခိုင်နှုန်း သုံးစွဲပြီးဖြစ်ရာ အလေးအနက်ထားဆောင်ရွက်ပေးကြစေလိုပြီး လုပ်ငန်းများဆောင်ရွက်မှုနှင့်ပတ်သက်၍ အကျိုးအကြောင်းများကို တင်ပြဆွေးနွေး၍ လုပ်ငန်း လက်ကျန်များမရှိစေရေး၊ လုပ်ငန်းအားလုံးပြီးပြတ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် သတ်မှတ် ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန ပြည်နယ်တာဝန်ခံဒေါ်ဌေးဌေးမြင့်က ကရင်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော စီမံကိန်းရည်မှန်း ချက်အပေါ် အကောင်အထည်ဖော်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ က စီမံကိန်းလုပ်ငန်းဆိုင်ရာအကောင်အထည်ဖော်မှုအခြေအနေများ၊ ဘဏ္ဍာငွေထုတ်ယူသုံးစွဲမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ကြေငြာချက်များ
အများပြည်သူသို့ အသိပေးကြေညာခြင်း
နေပြည်တော်ကောင်စီ / Posted on March 13, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 12, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 11, 2026
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
