ကရင်ပြည်နယ်အတွင်း ယာဉ်မောင်းသူ၏ပေါ့ဆမှုနှင့် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းမလိုက်နာမှုတို့ကြောင့် ယာဉ်မတော်တဆမှုများအဓိကဖြစ်ပွား
ကရင်ပြည်နယ်အတွင်း ယာဉ်မောင်းသူ၏ပေါ့ဆမှုနှင့် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းမလိုက်နာမှုတို့ကြောင့် ယာဉ်မတော်တဆမှုများအဓိကဖြစ်ပွား
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / November 26, 2025
ဘားအံ - နိုဝင်ဘာ (၂၆)
ကရင်ပြည်နယ်အတွင်း ယာဉ်တိုက်မှုများနှင့်သေဆုံးထိခိုက်မှုများတွင် လူကြောင့်ဖြစ်သည့် ယာဉ်မောင်းသူ၏ပေါ့ ဆမှုနှင့် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းမလိုက်နာမှုတို့သည် အဓိကအကြောင်းအရင်းဖြစ်ကြောင်း နိုဝင်ဘာလ ၂၆ ရက် နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏(၆/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များနှင့် ဒေသခံပြည်သူများ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကို အလွယ်တကူသိရှိ နားလည်စေရန် ပညာပေးအစီအစဉ်များပိုမိုဖြန့်ကျက်ဆောင်ရွက်စေလိုပြီး စည်းကမ်းပျက်ယာဉ်စစ်ဆေးအရေးယူမှုများ ပိုမိုထိရောက်မှုရှိစေရေး သက်ဆိုင်ရာဆပ်ကော်မတီများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်း ယင်းအစည်းအဝေးတွင် တိုက်တွန်းပြောကြားသည်။
ထို့နောက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များက ယခင်အပတ်အစည်းအဝေး ဆုံး ဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ကောင်စီအတွင်းရေးမှူး ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပြည်နယ်ဦးစီးမှူးဦးအောင်ဇေဝင်းက ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကာ တွဲဖက် အတွင်းရေးမှူး အမှတ်(၁၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရဲမှူးဟန်မွှေးက ယခုနှစ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု၊ ကာလတူနှိုင်းယှဉ်ချက်၊ ဖြစ်ပွားရသည့်အကြောင်းအရင်း(၄)မျိုး၊ စည်းကမ်းပျက်မော်တော်ယာဉ်/ဆိုင်ကယ်ဖမ်းဆီးမှု၊ အသိ ပညာပေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် ကောင်စီအဖွဲ့ဝင်ဝန်ကြီးများက ယာဉ်၊လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာဆောင်ရွက်ရမည့်အစီအမံ များကို ဆွေးနွေးတင်ပြပြီး စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့်စစ်ဆေးအရေးယူရေးဆပ်ကော်မတီ၊ သုတေသန ပြုရေးနှင့်ကျန်းမာရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီတို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင် ရာများကို ဆွေးနွေးတင်ပြကြကာ ခရိုင်အဆင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များက သက်ဆိုင်ရာခရိုင် များအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြပြီး တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

သတင်းစာများ
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ အငယ်တန်းစာရေးနှင့်အဆင့်တူ ရာထူး ၉၀ နေရာ၊ အမှုတွဲထိန်းနှင့်အဆင့်တူရာထူး ၁၀ နေရာ၊ ရုံးအကူ/ စာပို့နှင့်အဆင့်တူ ရာထူး ၁၅ နေရာတို့အတွက် လျှောက်လွှာခေါ်ယူခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / Posted on November 27, 2025
လျှောက်လွှာပုံစံ- Form
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on November 26, 2025
သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ကျောင်းအပ်လက်ခံမည့်ရက်နှင့် ကျောင်းစတင်ဖွင့်လှစ်မည့်ရက် ထုတ်ပြန်ကြေညာ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on November 19, 2025
နေပြည်တော် နိုဝင်ဘာ ၁၉
