ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်းပိုင်း) ပြန်လည်ဖွင့်လှစ်
ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်းပိုင်း) ပြန်လည်ဖွင့်လှစ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 02, 2026
နေပြည်တော် ဧပြီ ၂
ကရင်ပြည်နယ်၏ ဆက်သွယ်ရေးလမ်းမကြီး၊ အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သော နိုင်ငံတကာ မဟာမဲခေါင်ဒေသ (ခွဲ) အရှေ့-အနောက်စီးပွားရေးစင်္ကြံ (Greater Mekong Sub-region East-West Economic Corridor) လမ်းပိုင်းတွင်ပါဝင်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့် တာဝန်ရှိသူများက ပြန်လည်ဖွင့်လှစ်ပေးသည်။
အဆိုပါလမ်းသည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ တိုင်းရင်းသားပြည်သူများ၏ အဓိကအသက်သွေးကြောလမ်းမကြီးဖြစ်ပြီး ဘားအံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာမှ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) ထိ ၁၆၅ ဒဿမ ၃၆၀ ကီလိုမီတာ ရှည်လျားကာ အဆိုပါလမ်းကြောင်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ပွဲဖော်ဆောင်မှု၊ လမ်းသားများတူးထုတ်ဖျက်ဆီး၍ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု၊ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားပြည်သူများအား အကြမ်းဖက်နှောက်ယှက်ဟန့်တားမှုတို့ကြောင့် အသုံးပြုသွားလာနိုင်ခြင်းမရှိခဲ့ဘဲ ယခုအခါ တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေကြသော အကြမ်းဖက်သောင်းကျန်းသူများကို ထိထိရောက်ရောက်ချေမှုန်းနိုင်ခဲ့ပြီး နယ်မြေစိုးမိုးမှုပြန်လည်ရရှိခဲ့သည့်အတွက် ပျက်စီးသွားသောလမ်း/ တံတားများအား ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေများဖြင့် ပြန်လည်ပြုပြင်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်မကြီး) လမ်းပိုင်းအား ဖွင့်လှစ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါလမ်းပိုင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသည့် ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ဘားအံမြို့မှ မြဝတီမြို့သို့ သွားရောက်ကြမည့် ခရီးသည်တင်ယာဉ်များ၊ ကုန်ပစ္စည်းတင်ယာဉ်များနှင့် အိမ်စီးကားများဖြတ်သန်းသွားလာမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အချိုရည်နှင့်မုန့်များ ဝေငှပေးကြသည်။
ယနေ့ ဘားအံ-ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးဖွင့်လှစ်ခဲ့ပြီး ယနေ့ညနေ ၅ နာရီ ၃၀ မိနစ် အထိ စာရင်းများအရ ဘားအံမြို့မှ မြဝတီမြို့သို့ သွားရောက်ကြမည့် ခရီးသည်တင်ယာဉ်များ၊ ကုန်ပစ္စည်းတင်ယာဉ်များနှင့် အိမ်စီးကားများ စုစုပေါင်း ၂၆၉ စီးနှင့် မြဝတီမြို့မှ ဘားအံမြို့သို့ သွားရောက်ကြမည့် ခရီးသည်တင်ယာဉ်များ၊ ကုန်ပစ္စည်းတင်ယာဉ်များနှင့် အိမ်စီးကားများ စုစုပေါင်း ၃၇၁ စီး၊ ကားအစီးရေစုစုပေါင်း ၆၄၀ စီးတို့သည့် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ ဘားအံမြို့နှင့်မြဝတီမြို့တို့မှ ထွက်ခွာရောက်ရှိလာကြသော မော်တော်ယာဉ်များကို ကော့ကရိတ်မြို့နယ် တံတားကျိုး စုပေါင်းစစ်ဆေးရေးစခန်း၌ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်အစရှိသော ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများကို ဆောင်ရွက်၍ အများပြည်သူစိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန် လွယ်ကူစေရေးတို့အတွက် ကူညီဆောင်ရွက်ပေးကြသည်။
အလားတူ ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်း) လမ်းပိုင်းကို အသုံးပြုသွားလာသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခတပ်ဦးကျောင်းတိုက်ဆရာတော် အမှူးပြုသော သံဃာတော်များက အာရှလမ်းထိပ် သင်္ဃန်းညီနောင်ကျေးရွာ၊ ဈေးကုန်းရပ်၌ အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်၍ သင်္ဃန်းညီနောင်ကျေးရွာမှ ကော့ကရိတ်မြို့နယ် လှိုင်ဝကျေးရွာအထိ အာရှလမ်းမကြီးတစ်လျှောက် မော်တော်ယာဉ်များဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 31, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန / Posted on March 24, 2026
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 27, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on March 25, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
