ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 21, 2026
image_latest


ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး
 
‌ပူတာအို မေ ၂၀
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပူတာအိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မူလာအွန်စံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း( RBF)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေနှင့် တာဝန်ရှိသူများက မေလ ၁၉ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ၊ ကချင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်၊ ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများ၊ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မူလာအွန်စံပြကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(Smart Village)လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF) ရန်ပုံငွေမှ အစုအဖွဲ့စနစ်ဖြင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးက စနစ်ကျသော မွေးမြူရေးလုပ်ငန်းများဖြစ်စေရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများဖြစ်ပေါ်လာစေရေး ကြီးကြပ်ဆောင်ရွက်ပေးကြရန် ဖြည့်စွက်မှာကြားပါသည်။
 
အဆိုပါ မူလာအွန်စံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်းကို ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဒေသနွားမွေးမြူရေးလုပ်ငန်းအစုအဖွဲ့ သုံးဖွဲ့နှင့် ဝက်မွေးမြူရေးအစုအဖွဲ့ တစ်ဖွဲ့တို့မှ အသင်းသား (၂၀)ဦးကို ငွေကျပ် ၃၀၀ သိန်း ထုတ်ချေးပေးပြီးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၁ ကြိမ်မြာက်အဖြစ် မွေးမြူရေးနှင့် အရောင်အဝယ်လုပ်ငန်း လုပ်ကိုင်သူ (၈၆)ဦးကို ငွေကျပ် (၅၄၀)သိန်း ထုတ်ချေးပေးထားကြောင်း သိရသည်။
 
သန်းလွင်(မကွေး)

သတင်းစာများ

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on February 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

ဗီဒီယိုများ