ကြံခင်းမြို့နယ် သမဝါယမအသင်းသားသို့ အရင်းမပျောက်မတည်ငွေ (သတ္တမအကြိမ်) မျိုးမြေပဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / April 06, 2026
image_latest


မြန်အောင် ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ချောင်းခွကျေးရွာ နွေစပါး စိုက်ပျိုးအောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုခြင်းနှင့် သမဝါယမအသင်းသားသို့ အရင်းမပျောက် မတည်ငွေ(သတ္တမအကြိမ်) မျိုးမြေပဲနှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို  အလုံ ကျေးရွာရှိ ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်း နှင့်တာဝန်ရှိသူများသည် ကွေ့မအုပ်စု၊ ချောင်းခွကျေးရွာ၊ ကွင်းအမှတ် ၄၆ တွင် သမဝါယမအသင်းသား ၂ ဦး၏ နွေစပါး (ဆာဘိုးသာ) ဧက ၂၀ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု ကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် အလုံကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ကျင်းပသော သမဝါယမအသင်းများသို့ အရင်းမပျောက် မတည်ငွေ (သတ္တမအကြိမ်) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူးဦးကျော်စိုးမင်းက အဖွင့်အမှာ စကားပြောကြားရာ ကြံခင်းမြို့နယ်အတွင်း အသင်း ၈ သင်း၊ အသင်းအား ၂၈၇ ဦး၊ ဧက ၃၉၄ ဧက၊ ငွေကျပ် ၃၉၄.၁ သိန်း နှင့် ညီမျှသော မျိုးနှင့်သွင်းအားစုများကို တောင်သူများ အဆင်ပြေစေရန် ပေးအပ်ခြင်းဖြစ်ပါကြောင်း ပြောကြားပြီး၊ ကြံခင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ(ခေတ္တ)ဥက္ကဋ္ဌ ဦးကျော်မင်းထက်က တောင်သူများအား လျာထားချက်များ နှင့်အညီ စိုက်ပျိုးနိုင်ရေးအတွက် အုပ်ချုပ်ရေးပိုင်းအနေဖြင့် ဘက်ပေါင်းစုံမှကူညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါ်သန္တာက တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေ၊ ပြည်ထောင်စုဘတ်ဂျတ်ရန်ပုံငွေနှင့် နိုင်ငံစီပွား ရန်ပုံငွေများ ပေးအပ်ထောက်ပံ့ပေးမှု အခြေအနေများအား ရှင်းလင်း တင်ပြပြီးနောက်၊ ကြံခင်း မြို့နယ်အတွင်းကျေးရွာ ၈ ရွာရှိ  သမဝါယမအသင်းသားတောင်သူများအား မျိုးမြေပဲနှင့် သွင်းအားစုများကို တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်း၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ(ခေတ္တ)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများလက်ဝယ် အရောက်ပေးအပ်ကြ သည်။ယင်းနောက်  သမဝါယမအသင်းသားများကိုယ်စား ပန်းနှင်းဆီသမဝါယမအသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်) 

ဧရာဝတီတိုင်းဒေသကြီး 

 

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 06, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 06, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 06, 2026

အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းအကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။

ဗီဒီယိုများ