ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများ ဆန်းစစ်သုံးသပ်ခြင်းမှ တွေ့ရှိချက်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး
ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများ ဆန်းစစ်သုံးသပ်ခြင်းမှ တွေ့ရှိချက်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 22, 2025

နေပြည်တော် အောက်တိုဘာ ၂၁
ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများအား ဆန်းစစ်သုံးသပ်ခြင်းမှတွေ့ရှိချက်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက အိပ်ချ်အိုင်ဗွီ ကပ်ရောဂါသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းလုံးတွင်ပါ ဖြစ်ပွားလျက်ရှိကြောင်း၊ ကူးစက်ဖြစ်ပွားမှုနှုန်းသည် နိုင်ငံတစ်ခုနှင့်တစ်ခုမတူညီကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းတွင် အိပ်ချ်အိုင်ဗွီကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း ဦးတည်အုပ်စုဝင်များတွင် Concentrated Epidemic အနေနှင့် ဆက်လက်ကူးစက် လျက်ရှိပါကြောင်း၊ အိပ်ချ်အိုင်ဗွီကူးစက်မှုနှင့် ကူးစက်ခံရသော ဦးတည်အုပ်စုများမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကွာခြားလျက်ရှိကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကို ဦးစားပေးပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်မှအိပ်ချ်အိုင်ဗွီပိုးရှိလူနာများအားကုသပေးလျက်ရှိသော အေအာတီဆေးနှင့်ဆေးပစ္စည်းများဝယ်ယူရန် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ငွေကျပ် သန်း ၃၃၆၀၀ နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ငွေကျပ် သန်း ၆၀၀၀၀ ကို တိုးမြှင့်ထောက်ပံ့ပေးထားပါ ကြောင်း။
ယခုဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ဖြစ်ပွားမှုအခြေအနေနှင့် အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများအား ဆန်းစစ်သုံးသပ်ခြင်းမှတွေ့ရှိချက်များနှင့်အကြံပြုချက်များသည် ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၇-၂၀၃၀) ရေးဆွဲရာတွင် အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ထို့ပြင် အိပ်ချ်အိုင်ဗွီ/ အေအိုင် ဒီအက်စ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ပြီး ရလဒ်ကောင်းများ ရရှိစေမည်ဖြစ်သည့်အပြင် လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်းနှင့်ပြည်ပအရင်းအမြစ်များကို အကျိုးရှိစွာအသုံးပြုရာတွင်လည်းအထောက်အကူပြုမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများအား ဆန်းစစ်သုံးသပ်ရာတွင် ပါဝင်ခဲ့သည့်အဖွဲ့များက တွေ့ရှိချက်များနှင့် အကြံပြုချက်များကို တင်ပြဆွေးနွေးသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်မှ တာဝန်ရှိသူများ၊ လုပ်ငန်းဆန်းစစ်သုံးသပ်ရာတွင်ပါဝင်ခဲ့သည့် ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ဒေသဆိုင်ရာအဖွဲ့ရုံး၊ မြန်မာနိုင်ငံအခြေစိုက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ မြန်မာနိုင်ငံအခြေစိုက်အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ ကုလသမဂ္ဂ၏ပူးတွဲအစီအစဉ်(UNAIDS)အဖွဲ့နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 22, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
တင်ဒါအောင်မြင်သူစာရင်းထုတ်ပြန်ကြေညာခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 21, 2025
တင်ဒါအောင်မြင်သူစာရင်းထုတ်ပြန်ကြေညာခြင်း
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 21, 2025
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ခန့်အပ်တာဝန်ပေးခြင်း