ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 25, 2025
image_latest


နေပြည်တော် မေ ၂၅

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး အဓွန့်ရှည်စွာတည်တံ့နိုင်ရေးနှင့် မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် မဟာမုနိဘုရားကြီးရှေ့တော်၌ ကျင်းပပြုလုပ်သော မဟာမုနိဂေါပကအဖွဲ့ဩဝါဒါစရိယ ဆရာတော်ကြီးများထံတော်မှ “နဝမအကြိမ် ဩဝါဒခံယူပွဲအခမ်းအနားသို့တက်ရောက်၍ နိုင်ငံတော်ဩဝါဒါစရိယ မဟာဓမ္မိကာရာမကျောင်းတိုက် မိတ္ထီလာကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇနပီယထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာကြသော ဩဝါဒါစရိယရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် မဟာမုနိဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုများ ပြုပြင်ဆောင်ရွက်နေမှုတို့ကို တင်ပြလျှောက်ထားပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒများခံယူကြသည်။ ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် ဩဝါဒါစရိယရာတော်ကြီး များနှင့်အတူ မဟာမုနိဘုရားကြီး၏ ဂန္ဓကုဋိတိုက်အတွင်းပိုင်းနှင့် အပြင်ပိုင်းကြံ့ခိုင်မှုအခြေအနေများ၊ ကျောင်းတော်ကြီး၏ ဘုံခုနှစ်ဆင့်နေရာတွင် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ရှေးမူမပျက်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ဘုရားကြီး၏ ဘဏ္ဍာတော်တိုက်ကြံ့ခိုင်မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့်အဖွဲ့သည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းနှင့် အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့ပြင် ၂၀၂၅-၂၀၂၆ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေမှုအခြေအနေများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်စပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်နှင့် ရန်မျိုးလုံရပ်ကွက်တို့ရှိ အန္တရာယ်ရှိ လူနေအဆောက်အအုံများအား စက်ယန္တရားများဖြင့် ဖြိုချရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့၊ ဟန်မြင့်မိုရ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဒေသခံ ပြည်သူများအား “ငလျင်ဒဏ်ခံနိုင်သည့်အဆောက်အဦများ ဆောက်လုပ်နိုင်ရေး အသိပညာပေးဟောပြောပွဲ” သို့တက်ရောက်၍ အဆောက်အဦများ ပြန်လည်တည်ဆောက်ရမည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များနှင့် အသုံးပြုရမည့်ပစ္စည်းများကို ကျွမ်းကျင်သူများနှင့်တိုင်ပင်၍ ပြုလုပ်ဆောင်ရွက်ရေး အသေးစိတ်ဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများ၏ သိရှိလိုသည့်အချက်များကို တာဝန်ရှိသူများက ရှင်းလင်းပြော ကြားသည်။

၎င်းနောက် စဉ့်ကိုင်မြို့နယ်၊ ကသဲစုကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ယာယီကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့ရှိ မြန်မာသံတော်မြတ်ကုမ္မဏီလီမိတက်၊ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံရှိ လိုင်းအမှတ် (၁) မှ ဘိလပ်မြေထုတ်လုပ်နေမှု အခြေအနေနှင့် လိုင်းအမှတ်(၂)အား ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ၊ ဆင်မင်းဘိလပ်မြေစက်ရုံနှင့် ALPHA ဘိလပ်မြေစက်ရုံတို့၌ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on May 22, 2025

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on May 23, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023