ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 04, 2025
image_latest


နေပြည်တော် ဇူလိုင် ၃

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများဖြစ်သည့် ရွှေစေတီဘာသန္တရသင်တန်းကျောင်း၊ ရွှေမုဋ္ဌောစေတီနှင့် လေးကျွန်းမြေအုဌ် ကျောင်း ပရိယတ္တိစာသင်တိုက်တို့ရှိ သာသနိကအဆောက်အအုံအပျက်အစီးများကို စက်ယန္တရားကြီး များအသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှု၊ မဟိယင်္ဂဏစေတီတော်အား ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေမှုနှင့် စစ်ကိုင်းမြို့အတွင်း နေအိမ်အဆောက်အအုံအပျက်အစီးများအား အဖွဲ့အစည်းအသီးသီးက အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်းဆောင်ရွက်နေသူများအား အားဖြည့်အချို ရည်များ ပေးအပ်သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် သီရိမာလာအရှေ့ရပ်ကွက်နှင့် မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိရပ်ကွက်များရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးများအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှု၊ အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက် Sky Villa နေရာရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှင်းလင်းရန် ကျန်ရှိနေသည့် “ A ” ဆောင်အား စက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှားနေမှု၊ လုပ်ငန်းခွင်အနီးရှိ ပစ္စည်းလက်ခံ/ လွှဲပြောင်းရေးအဖွဲ့ ယာယီရုံးတွင် Sky Villa မှ ရှာဖွေတွေ့ရှိသော ပစ္စည်းများကို ပစ္စည်းလက်ခံရှာဖွေစုဆောင်းရေးနှင့် ပြန်လည်အပ်နှံရေးအဖွဲ့ထံသို့ စနစ်တကျအပ်နှံမှု၊ ထိန်းသိမ်းထားရှိမှုနှင့် သက်ဆိုင်ရာပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်လွှဲပြောင်းပေးမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အမည်မည်းစာရင်းကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 04, 2025

အမည်မည်းစာရင်းကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 04, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on July 03, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023