စစ်မှုထမ်း အင်တာဗျူး(၂၃-၃-၂၀၂၆)


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 23, 2026
image_latest


၁။ ကျွန်တော်လည်း နိုင်ငံသားတစ်ယောက်တာဝန်ကျေဖို့အတွက် စစ်မှုထမ်းကို လာရောက်တာဝန်ထမ်းဆောင်တာဖြစ်ပါတယ်။ ကျွန်တော်လည်း စစ်မှုထမ်းချင်တာလည်း ပါပါတယ်။ ဘယ်လိုခံယူထားလဲဆိုရင် တပ်မတော်သားတစ်ယာက်ဖြစ်သွားရင်တော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်။ ဆရာတွေ/ နည်းပြတွေသင်ကြားပြသပေးတဲ့အတိုင်း ကောင်းကောင်းမွန်မွန် လေ့လာသင်ယူသွားမယ်လို့ ခံယူထားပါတယ်။ ကိုယ့်နိုင်ငံမှာ အခုလိုတာဝန်ထမ်းဆောင်တာတော့ ကိုယ်ကိုယ်တိုင်လည်း တာဝန်ထမ်းဆောင်နေပါတယ်။ အများပြည်သူလည်း ထမ်းဆောင်သင့်ပါတယ်လို့ ကျွန်တော်အကြံပြုချင်ပါတယ်။ ပြောရရင် ၂ နှစ်ပေါ့၊ ၂ နှစ်ထက် ကျော်ရင်လဲကျော်သွားမှာပေါ့။ ကျွန်တော်ထပ်ပြီးတာဝန်ထမ်းဆောင်ဖို့လည်း ရှိပါတယ်။ မိသားစုဆွေမျိုးတွေကတော့ ကျွန်တော်စစ်သားဖြစ်သွားလို့ ဂုဏ်ယူဖို့ပေါ့ ဒါပဲပြောချင်ပါတယ်။ တပ်မတော်သား တစ်ယောက်ဖြစ်သွားတဲ့အတွက် ကိုယ့်ကိုယ်လည်းဂုဏ်ယူပါတယ်။ ဒီလို ပြည်သူ့စစ်တာဝန်ထမ်းဆောင်ဖို့အတွက် ကျွန်တော်ကိုယ်တိုင်လည်း တာဝန်ထမ်းဆောင်နေပါတယ်။ ကျန်တဲ့နိုင်ငံသားတိုင်း၊ အကုန်လုံးတာဝန်ထမ်းဆောင်ဖို့အတွက် အကြံပြုချင်ပါတယ်။

၂။ ဝင်ချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့လာခဲ့တာ။ ကိုယ့်အိမ်ကလည်း သဘောတူတာပေါ့။ နောက်ကမိသားစုကလည်း ကိုယ်ဒီထဲကိုဝင်လာတဲ့အတွက် ကိုယ့်ကိုယ်ဂုဏ်ယူပေးတယ်။ ကိုယ်ကလည်း ဒီထဲရောက်လာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပီတိဖြစ်မိတယ်။ ကိုယ့်ဝါသနာနဲ့ ကိုယ်လာတာဆိုတော့ ပိုပြီးတော့လည်း ပျော်မိတယ်။ ကိုယ်ကလည်း အရမ်းဝါသနာပါတာဆိုတော့ မိဘတွေလည်း ဂုဏ်ယူပါတယ်။ သင်ကြားပေးတဲ့ ဆရာသမားတွေရဲ့ သင်တန်းသားကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်။ တာဝန်ကိုကျေပွန်စွာထမ်းဆောင်သွားမှာပါ။ စစ်မှုထမ်းရမယ့် လူငယ်တိုင်းလည်း ဒီကနေပြီးတော့ ဖိတ်ခေါ်ပါတယ်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: ၃၂

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံတွင် စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 22, 2026

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။

အပတ်စဉ်ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 22, 2026

၁။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ စုံ ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူသည့်စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စက်သုံးဆီတင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် လုံလောက်သော...

တင်ဒါခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on February 04, 2026

တင်ဒါခေါ်ယူခြင်း

ဗီဒီယိုများ